အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အမေရိကန်သတင်းစာ ဝေါလ်စထရိ ဂျာနယ်က ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီများနှင့် သင်္ဘောကပ္ပတိန်များသည် ပင်လယ်နီကို ဖြတ်သန်းသွားလာခွင့် ရရှိရန် အီးမေးလ်မှတစ်ဆင့် ယီမင်လက်နက်ကိုင်တပ်ဖွဲ့ထံ ဆက်သွယ်ကြောင်း ဖော်ပြခဲ့ပါတယ်။
သတင်းဖော်ပြချက်အရ အဆိုပါကုမ္ပဏီများသည် ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ လက်အောက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ရေးနှင့် ဆက်သွယ်ရေးဗဟိုဌာနထံ သင်္ဘော၊ သင်္ဘောပိုင်ရှင်နှင့် သင်္ဘောဝန်ထမ်းများဆိုင်ရာ အချက်အလက်များကို ပေးပို့ကာ ဖြတ်သန်းသွားလာခွင့် တောင်းခံကြပါတယ်။
ထိုသို့ဆက်သွယ်ရာတွင် ၎င်းတို့သည် အမေရိကန်၊ ဗြိတိန် သို့မဟုတ် အစ္စရေးအစိုးရနှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိကြောင်းကိုလည်း အာမခံပြောဆိုကြပါတယ်။
ဝေါလ်စထရိ ဂျာနယ်၏ ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်အစောပိုင်းတွင် တည်ထောင်ခဲ့သည့် အဆိုပါဗဟိုဌာနသည် လက်ခံရရှိသော ခွင့်ပြုချက်တောင်းခံမှုများကို စိစစ်သုံးသပ်ပြီး ပုံမှန်အားဖြင့် ၂၄ နာရီအတွင်း အကြောင်းပြန်ကြားလေ့ရှိသည်။ အချို့သောအခြေအနေများတွင် သင်္ဘောများအား ပင်လယ်နီကို ဖြတ်သန်းသွားလာရန် ခုနစ်ရက်တာ ခွင့်ပြုချက်လည်း ပေးအပ်လေ့ရှိပါတယ်။
ထို့ပြင် သတင်းစာက ၎င်း၏သတင်းဖော်ပြချက်တွင် ယီမင်လက်နက်ကိုင်တပ်ဖွဲ့ ၏ ညွှန်ကြားချက်များကို လိုက်နာပြီး ခွင့်ပြုချက်ရယူပြီးနောက် ပင်လယ်နီကို ဖြတ်သန်းသွားလာခဲ့သည့် သင်္ဘောအများအပြား၏ ဖြစ်စဉ်များကိုလည်း ဥပမာအဖြစ် တင်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment