အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂုဏ်ယူစရာပါပဲ။ ဒီသတင်းက ထူးဆန်းပေမယ့် အမှန်တကယ် ဖြစ်ပျက်နေတဲ့ သတင်းတစ်ခုပါ။
အစ္စရေး Channel 14 ရုပ်သံလိုင်းက မနေ့ညက အီရန်နိုင်ငံသားတွေ နျူကလီးယားဗုံး စမ်းသပ်နေကြတယ်ဆိုပြီး X (ယခင် Twitter) မှာ ရေးသားဖော်ပြခဲ့ပါတယ်။
အီရန် ဒုံးကျည်ရေးရာ ကျွမ်းကျင်သူတစ်ဦးကလည်း မနေ့ညက ပို့စ်တစ်ခုတင်ခဲ့ပြီး အီရန်ဟာ နျူကလီးယားဗုံး ပိုင်ဆိုင်ဖို့ ၂၄ နာရီသာ လိုအပ်ကြောင်းပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့ညက ဟာဂျီ ဗိုလ်ကြီး မိုဟ်ဆစင် ရေဇာအီကလည်း အမေရိကန်တွေ မဆင်မခြင် လုပ်ရပ်တွေ ဆက်လုပ်လာမယ်ဆိုရင် အီရန်ဟာ NPT (နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်) ကနေ နုတ်ထွက်ပြီး အမေရိကန်တွေကို အပြင်းအထန် တုံ့ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ချစ်လှစွာသော အီရန်ပြည်သူများ နှင့် အီရန် အားပေးနေသူယောက်တိုင်း ခင်ဗျာ၊ ဂုဏ်ယူလိုက်ကြပါ။ နျူကလီးယားအင်အားပိုင်ဆိုင်တဲ့ အီရန်နိုင်ငံကို ကြိုဆိုလိုက်ကြပါ။
မာရှာအလ္လာဟ်! အင်အားကြီးမားသော အီရန်နိုင်ငံ အောင်မြင်ပါစေ။ အီရန်နိုင်ငံ အဓွန့်ရှည်တည်တံ့ပါစေ။ သူတို့ကို အပြင်းအထန် တုံ့ပြန်သွားနိုင်ပါစေ ဟု အဗ်နာ (မြန်မာ ပိုင်း)ကလည်း ဖြည့်လောင်း ပြောကြားလိုက်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment