၁၃ နိုဝင်ဘာ ၂၀၂၆ - ၁၈:၄၀
ကေယာမသ် နေ့တွင် ဟဇရသ်ဖွာတွေမဟ် (စ.အ) သည် အပြစ်ကျူးလွန်သူများအတွက် ရှဖာအသ် ပြုလုပ်ပေးတော်မူမည်

ဟဇရသ် ဖွာတွေမဟ် ဇဟ်ရာ (စ.အ) သည် ဟဒီးစ်တော်တစ်ပုဒ်တွင် ကေယာမသ် နေ့၌ ရှဖာအသ် (ကြားဝင်အသနားခံပေးခြင်း) ပြုလုပ်ပေးမည့် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ရည်ညွှန်းမိန့်ကြားထားတော်မူထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews ၏ အစီရင်ခံစာအရ ဟဒီးစ်တော်ကို အဲဟ်ကာကိုလ်ဟက္က် ကျမ်းမှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။

ဟဒီးစ်တော်၏ မူရင်းစာသား

قالت فاطمة علیها السلام:

«إِذَا حُشِرْتُ یَوْمَ الْقِیَامَةِ أَشْفَعُ عُصَاةَ أُمَّةِ النَّبِیِّ صَلَّی اللهُ عَلَیْهِ وَآلِهِ».

ဟဇရသ် ဖွာတွေမဟ် (စ.အ) မိန့်တော်မူပါသည်။

«ကေယာမသ် နေ့တွင်ငါ့ အား ပြန်လည်စုရုံးထမြောက်စေသောအခါ၊ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အွန်မ္မသ် (နောက်လိုက်သာဝကမျာ) းအနက် အပြစ်ကျူးလွန်သူများအတွက် ငါ သည် ရှဖာအသ် (ကြားဝင်အသနားခံပေးခြင်း) ပြုလုပ်ပေးမည်ဖြစ်ပါ သည်။»

ကျမ်းကိုး - အဲဟ်ကာကိုလ်ဟက္က် ကျမ်း၊ အတွဲ (၁၉)၊ စာမျက်နှာ (၁၂၉)။

ဟဒီးစ်တော်၏ ဆိုလိုချက်

ဤဟဒီးစ်တော်တွင် ဟဇရသ် ဖွာတွေမဟ် ဇဟ်ရာ (စ.အ) သည် ကေယာမသ် နေ့၌ တမန်တော်မြတ်မိုဟမ္မဒ် (ဆွ) ၏ အွမ္မသ်နောက်လိုက်များအနက် အပြစ်ကျူးလွန်သူများအတွက် အလ္လာဟ်အရှင်မြတ် ၏ ခွင့်ပြုချက်ဖြင့် ရှဖာအသ် (ကြားဝင်အသနားခံပေးခြင်း) ပြုလုပ်ပေးတော်မူမည်ဖြစ်ကြောင်း မိန့်ကြားထားပါတယ်။ယင်းသည် ကိုယ်တော်မြတ်၏ မြင့်မြတ်သော အဆင့်အတန်းနှင့် အွန်မ္မသ်အပေါ် ထားရှိသော ကရုဏာတော်ကို ဖော်ပြနေခြင်းဖြစ်ပါတယ်။

ဟဒီးစ်တော်မှ ရရှိသော သင်ခန်းစာများ

- ဟဇရသ် ဖွာတွေမဟ် ဇဟ်ရာ (စ.အ) ၏ မြင့်မြတ်သော ဂုဏ်သိက္ခာနှင့် ရှဖာအသ်အဆင့်အတန်းကို သိရှိနိုင်သည်။
- ရှဖာအသ်သည် အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့်သာ ဖြစ်ပေါ်ပါတယ်။
- အပြစ်ကျူးလွန်မိသူများသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မျှော်လင့်ချက်မပျက်ဘဲ နောင်တရသင့်ပါတယ်။
- အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို ချစ်ခင်မြတ်နိုးပြီး ၎င်းတို့၏ လမ်းစဉ်ကို လိုက်နာသင့်ပါတယ်။
- ရှဖာအသ်ကို အကြောင်းပြု၍ အပြစ်ကျူးလွန်ခြင်းကို ပေါ့ဆမထားသင့်ပါ။
- ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းနှင့် အပြစ်များမှ ရှောင်ကြဉ်ခြင်းဖြင့်ကေယာမသ် နေ့အတွက် ကြိုတင်ပြင်ဆင်သင့်ပါတယ်။

အနှစ်ချုပ်အား ဖြင့် ဤဟဒီးစ်တော်သည် ဟဇရသ် ဖွာတွေမဟ် ဇဟ်ရာ (စ.အ) ၏ မြင့်မြတ်သော ရှဖာအသ်အဆင့်အတန်းကို ဖော်ပြသည့်အပြင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မျှော်လင့်လျက် အပြစ်များမှ ရှောင်ကြဉ်ပြီး ကောင်းမှုကုသိုလ်များဖြင့် နောင်တမလွန်ဘဝအတွက် ပြင်ဆင်ထားရန် သင်ကြားပေးထားခြင်းဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha