အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊ အဗ်နာ
အစ္စရေးနိုင်ငံ တဲလ်အဗစ်ခရိုင်ရှိ ဘတ်ယမ်မြို့ စည်ပင်သာယာရေးအဖွဲ့သည် ၂၀၂၅ ခုနှစ် ဇွန်လအတွင်း အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် မြို့တွင်း၌ ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများအတွက် အီရန်အစိုးရကို တဲလ်အဗစ်ခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ပါတယ်။ လျော်ကြေးအဖြစ် အစ္စရေးငွေကြေး ရှက်ကယ် ၂၀၈ သန်း၊ အမေရိကန်ဒေါ်လာ ၆၅.၂၉ သန်းနှင့်ညီမျှသော ပမာဏကို တောင်းခံထားပါတယ်။
၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က အီရန်ဒုံးကျည်တစ်စင်းသည် ဘတ်ယမ်မြို့ရှိ လူနေအဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ရာ အရပ်သား ၉ ဦး သေဆုံးပြီး လူ ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ယင်းတိုက်ခိုက်မှုသည် အီရန်နှင့် အစ္စရေးအကြား ဖြစ်ပွားခဲ့သည့် ၁၂ ရက်ကြာ ပဋိပက္ခအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ခဲ့ကြောင်း အစ္စရေးကို ထောက်ခံသည့် DW သတင်းဌာနက ဖော်ပြထားပါတယ်။
ဘတ်ယမ်မြို့တော်ဝန် တ်ဆ်ဗီကာ ဘရုတ်သည် အဆိုပါအမှုနှင့်ပတ်သက်သည့် တရားရုံးစာရွက်စာတမ်းများကို နယူးယောက်မြို့ရှိ အီရန်သံတမန်တစ်ဦးထံ ကိုယ်တိုင်သွားရောက်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ယင်းလုပ်ဆောင်မှုအတွက် လေးလကြာ စီစဉ်ပြင်ဆင်ခဲ့ရပြီး အစ္စရေးနှင့် အမေရိကန်အာဏာပိုင်များလည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ သို့သော် အီရန်သံတမန်က အဆိုပါစာရွက်စာတမ်းများကို လက်ခံခဲ့ခြင်း ရှိ၊ မရှိကိုမူ ဖော်ပြထားခြင်း မရှိပါဘူး။
ဤသတင်းကို ကြည့်ခြင်းအားဖြင့် အစ္စရေးနှင့် ၎င်း၏ ထောက်ခံသူများသည် မည်မျှ တစ်ကိုယ်ကောင်းဆန်ပြီး စာနာမှုကင်းမဲ့သူများဖြစ်ကြောင်း ထင်ရှားနေပါတယ်။ အကြောင်းမှာ ၎င်းတို့၏ လုပ်ရပ်များကြောင့် ပါလက်စတိုင်း၊ လက်ဘနွန်နှင့် အီရန်နိုင်ငံတို့တွင် အပြစ်မဲ့ ကလေးငယ်များ၊ အမျိုးသမီးများနှင့် ပြည်သူများ သေဆုံးခဲ့ရသည့်အပြင် လူနေအဆောက်အအုံများ၊ ဗလီဝတ်ကျောင်းတော်များ၊ ဆေးရုံများ၊ ကျောင်းများ၊ ဘဏ်များ၊ တံတားများ စသည်တို့လည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ထိုပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန် ကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။
ကိုယ်တိုင်ပြုလုပ်ခဲ့သည့် လုပ်ရပ်များကိုမူ မသိကျိုးကျွန်ပြုနေပြီး မိမိတို့အပေါ် တုံ့ပြန်တိုက်ခိုက်ခံရသည့်အခါမှသာ လျော်ကြေးတောင်းခံခြင်းသည် လူသားပီသသူများ၏ လက္ခဏာမဟုတ်ကြောင်း သိသာထင်ရှားနေပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment