အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တောင်းပန်ပါတယ်။ ကျနော် က သင်ကိုယ်တိုင်ကို ရည်ညွှန်းပြီး ပြောချင်တာ မဟုတ်ပါဘူး။ကျနော် တို့အနေနဲ့ တစ်စုံတစ်ယောက်ကို ဘယ်လောက်ပဲ ဘာသာရေးကိုင်းရှိုင်းသူ၊ ဘာသာတရားကို လိုက်နာသူ၊ ဘာသာရေးအရ မှန်ကန်သူလို့ သတ်မှတ်ပေးနေပါစေ၊ ဘယ်ဘာသာတရားက ဒီလိုအပြုအမူတွေကို ခွင့်ပြုထားပါသလဲ?
တောင်းပန်ပါတယ်။ လက်သည်းအလှတပ်ထားတဲ့သူတစ်ယောက်ရဲ့ ဝတ်ပြုမှုဟာ ပျက်ပြယ်တယ်၊ သူ့မရဲ့ဝတ်ပြုမှုဟာ ပျက်ပြယ်တယ်၊ ဘဝတစ်ခုလုံး ပျက်စီးနေတယ်လို့တောင် ပြောကြပါတယ်။ (သူမ၏ဝဇူမပိုင်၊ဂိုစ်လ်မပိုင်သည့်အတွက်နမာဇ်များ၊ရိုဇဟ်များ ...မပိုင်လို့ဆိုလိုချင်တာဖြစ်ပါတယ်။)
ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်မှာ ရွေးချယ်စရာ လမ်းနှစ်လမ်းပဲ ရှိသလို ဖြစ်နေတယ်။ ဂျာဒဲရ် ကို ဖယ်ရှားခြင်း၊ ဟေဂျာဗ် မဝတ်တော့ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ မိတ်ကပ်လိမ်းခြင်း၊ အလှပြင်ခြင်း စတာတွေကို လုပ်လာကြတယ်။
ကျနော် တို့ရဲ့ ပြဿနာကတော့... အေမာမ် (အ.စ) ကို ချစ်တယ်ဆိုပေမဲ့ အဲဒီအချစ်မှာ အခြေအနေတစ်ခု ရှိနေတယ်။ အေမာမ် က ကျနော် တို့ရဲ့ အလုပ်အကိုင်နဲ့ ကိုယ်ပိုင်ကိစ္စများ ကို ဝင်ရောက်စွက်ဖက်မှု မရှိသရွေ့ပေါ့။
ကျနော် ပြောချင်တာက... အခုတော့ အခြေအနေတွေက အတော်လေး ပြောင်းလဲပျက်စီးသွားပြီ။ ကြည့်ပါဦး။ ကျနော် က အေမာမ် ဟိုစိုင်းန် (အလိုင်ဟစ်စလာမ်) အတွက် ငိုကြွေးဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ်တောင် စွန့်လွှတ်ဖို့ အသင့်ရှိတယ်။ ကိုယ့်အသက်ထက် ပိုမြတ်တဲ့အရာ ဘာရှိဦးမှာလဲ။ ဒါပေမဲ့ တချို့လူတွေကတော့ ကိုယ့်အတွက်ဆိုရင် အေမာမ် ဟိုစိုင်းန် (အလိုင်ဟစ်စလာမ်) ကိုတောင် စွန့်ပစ်ဖို့ အသင့်ရှိနေကြတယ်။
ဒါတွေအားလုံးဟာ အေမာမ် ကို ဘယ်လောက်နားလည်သိရှိပြီး ဘယ်လောက်အသိအမှတ်ပြု ချစ်မြတ်နိုးသလဲဆိုတဲ့ အဆင့်အတန်းပေါ်မှာပဲ မူတည်နေပါတယ်။
အဲဒီအချိန်တုန်းက ကျနော် တို့သာ ရှိနေခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ? ဆိုတာ ဘယ်သူသိနိုင်မှာလဲ? အေမာမ် ဟိုစိုင်းန် (အလိုင်ဟစ်စလာမ်) ကို သတ်ဖြတ်ခဲ့ကြသူတွေအကြောင်း သမိုင်းမှာ ဖတ်ကြည့်ပါ။ သူတို့ရဲ့ အခြေအနေတွေကိုလည်း ကြည့်ကြပါ။
အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ပါတယ်။ ကျနော် သမိုင်းအထောက်အထားတွေနဲ့ ပြောပြပါမယ်။ တချို့လူတွေဟာ ကိုယ့်ရဲ့ သေးငယ်တဲ့ ကိုယ်ကျိုးစီးပွားတစ်ခုအတွက် ဟိုစိုင်းန် (အလိုင်ဟစ်စလာမ်) ကို စွန့်ပစ်ခဲ့ကြတယ်။ ဒီလောကကြီးတစ်ခုလုံးကိုတောင် ကိုယ့်အတွက် ယူဆောင်ပေးမယ်ဆိုရင်တောင် အဲဒီလိုလုပ်ဖို့ မတွန့်ဆုတ်ကြဘူး။
ကြည့်ကြပါ။ လူသားရဲ့ ကံဆိုးမှုဟာ သူ့ကိုယ်တွင်းမှာပဲ ရှိနေပါတယ်။
ကျနော် တို့လည်း သတိထားရပါမယ်။ ကျနော် တို့ သွားရောက်တဲ့ မဂျ်လစ် (အေမာမ်များအတွက် ဝမ်းနည်းတသသတိရခြင်း အခမ်းအနား) တွေကြောင့် ကိုယ့်ကိုယ်ကိုယ် မလှည့်စားမိကြပါစေနဲ့။ ကျနော် တို့ သွားခဲ့ဖူးတဲ့ ကရ်ဗလာ နဲ့ မက္ကဟ် ခရီးတွေကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မာနမတက်မိကြပါစေနဲ့။
အနှစ်ချုပ်ကတော့ အကျော်အမော် တရားဟော ဆရာ H.I ဒါနစ်ရှန်မန် အစ္စဖဟာနီ က ကျနော်တို့ တစ်တွေ အေမာမ် ဟိုစိုင်းန် (အ.စ) လက်ထက်ကရှိနေမဲ့ဆိုရင် အေမာမ် ဘက်က ရပ်တည်မှာလား? ယဇီးဒ် (လ.န) ဘက်က ရပ်တည် မှာလား ? အေမာမ် ဟိုစိုင်းန် (အ.စ)ဘက်က ရပ်တည် မည် ဆိုလျင် မိမိလုပ်နေသည့် အလုပ်များသည့် အေမာမ် ဘက်တော်သား ဖြစ်ဖို့ လုံလောက်မလုံလောက်ကို စိစစ်ရန် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment