အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ABC Kabul၏ အစီရင်ခံစာ အရ အီရန်ရေတပ်က အသိပေးကြေညာရာတွင် သင်္ဘောတည်နေရာနှင့် အချက်အလက်များကို ဖော်ပြသည့် စနစ်များအား ပိတ်ထားသော ရေနံတင်သင်္ဘောနှစ်စင်းသည် ဟော်မုဇ်ရေလက်ကြား၏ အရှေ့ဘက်တွင် ပင်လယ်မိုင်းနှင့် တိုက်မိခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင် ဟော်မုဇ်ရေလက်ကြား၏ အရှေ့ဘက်တွင် အမေရိကန်၏ MQ-1 ER အမျိုးအစား ကင်းထောက်နှင့် တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ် (ဒရုန်း) တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း အီရန်က ပြောကြားခဲ့ပါတယ်။
အီရန်၏ ပြောကြားချက်အရ ယင်းဒရုန်းသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပစ်ချခံခဲ့ရသည့် အမေရိကန်မောင်းသူမဲ့လေယာဉ်များအနက် စတုတ္ထမြောက်ဖြစ်ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment