အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ABC Kabul၏ အစီရင်ခံစာ အရ အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရှစ်လတာကာလအတွင်း ပြည်တွင်းရှိ အင်ဂျင်နီယာများနှင့် နည်းပညာအဖွဲ့များသည် ပြည်ပအကူအညီမပါဘဲ လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကတည်းက အသုံးမပြုနိုင်တော့ဘဲ စစ်မှုထမ်းဆောင်မှုမှ ရပ်နားထားခဲ့သော စစ်လေယာဉ် ၄ စင်းကို ပြန်လည်ပြုပြင်မွမ်းမံကာ ပြန်လည်အသုံးပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အဆိုပါဝန်ကြီးဌာန၏ ပြောကြားချက်အရ ယင်းလေယာဉ်များသည် စမ်းသပ်ပျံသန်းမှုများကို အောင်မြင်စွာ ပြီးစီးခဲ့ပြီးနောက် ယခုအခါ စစ်ရေးတာဝန်များအပြင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရပ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင်လည်း အသုံးပြုလျက်ရှိကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment