၂၆ နိုဝင်ဘာ ၂၀၂၆ - ၁၅:၃၇
ဘာရိန်းနိုင်ငံရှိ အာလင်မ် များအပေါ် တရားစီရင်ရေးဆိုင်ရာ ဖိနှိပ်မှုအသေးစိတ်များ ဖော်ထုတ်၊ အာလင်မ် ၆၉ပါး နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခံရ

ဘာရိန်းနိုင်ငံမှ အာလင်မ်တစ်ပါး က ဘာရိန်းနိုင်ငံရှိ ဘာသာရေးပညာရှင်များအပေါ် တရားစီရင်ရေးဆိုင်ရာ အရေးယူမှုများ ပြုလုပ်ခဲ့သည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ပြီး ရှီအဟ် အာလင်မ် ၆၉ ပါး ၏ နိုင်ငံသားအဖြစ်ကို ရုပ်သိမ်းခဲ့သည့်အပြင် ဘာသာရေးခေါင်းဆောင် ၄၁ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Tasnim သတင်းဌာန ၏ အစီရင်ခံစာအရ ဘာရိန်းနိုင်ငံမှ အာယာသွလ္လာဟ် ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက် သည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် “ဘာရိန်းနှင့် ကူဝိတ်နိုင်ငံတို့မှ ဘာသာရေးပညာရှင်များအား ထောက်ခံပံ့ပိုးရေး” ဆွေးနွေးပွဲ၌ အထက်ပါအကြောင်းအရာများကို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါဆွေးနွေးပွဲကို ကွမ်းမြို့ရှိ ဘာသာရေးပညာရှင်သင်တန်းကျောင်း၏ အစ္စလာမ်မစ်ဝါဒဖြန့်ချိရေးဌာန၊ ယဉ်ကျေးမှုရေးရာဌာနနှင့် မီဒီယာဌာနတို့က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘာသာရေးပညာရှင်များအား ထောက်ခံကြောင်း ဖော်ပြရန်နှင့် ၎င်းတို့အပေါ် ချမှတ်ထားသည့် တရားစီရင်ရေးဆိုင်ရာ စီရင်ချက်များကို ရှုတ်ချရန် ရည်ရွယ်ခဲ့သည်။

အာယာသွလ္လာဟ် ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက် က အာလေ့ ခလီဖာအစိုးရသည် ဘာရိန်း အာလင်မ် များအပေါ် လုပ်ဆောင်နေသည့် အရေးယူမှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဘာရိန်းပြည်သူများသည် ဂုဏ်သိက္ခာရှိပြီး မိမိတို့၏ ဂုဏ်သိက္ခာကို စောင့်ထိန်းတတ်သည့်အပြင် ကြံ့ကြံ့ခံနိုင်သော ပြည်သူများဖြစ်ကြောင်း၊ သို့သော် အာလေ့ ခလီဖာအစိုးရသည် တရားစီရင်ရေးဆိုင်ရာ စီရင်ချက်များ ချမှတ်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ အရေးယူမှုများ ပြုလုပ်ခြင်းတို့မှတစ်ဆင့် အစ္စလာမ်သာသနာနှင့် နိုင်ငံအတွင်းရှိ ရှီအဟ် အသိုင်းအဝိုင်းအပေါ် ကျယ်ပြန့်သော ဖိနှိပ်မှုများ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

အာလင်မ် ၆၉ ပါး နိုင်ငံသားအဖြစ် ရုပ်သိမ်းခံရမှု

ဘာရိန်းနိုင်ငံရှိ ရှီအဟ် အာလင်မ်  ၆၉ ပါး ၏ နိုင်ငံသားအဖြစ် ရုပ်သိမ်းခံခဲ့ရကြောင်း အာယာသွလ္လာဟ် ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက် ပြောကြားခဲ့ပါတယ်။

ယင်းလုပ်ရပ်သည် အာလင်မ် များကိုသာ သက်ရောက်မှုရှိခြင်းမဟုတ်ဘဲ ၎င်းတို့၏ မိသားစုဝင်များဖြစ်သည့် ဖခင်များ၊ သားသမီးများနှင့် မြေးများအထိပါ သက်ရောက်ခဲ့ကြောင်း  အာယာသွလ္လာဟ် က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ထိုသူများအနက် ဘာရိန်းနိုင်ငံတွင် လူသိများသော ဘာသာရေးပညာရှင် အာယာသွလ္လာဟ် အီဘရာဟင် အန်ဆာရီလည်း ပါဝင်ပါတယ်။ ၎င်း၏ မိသားစုဝင်များသည်လည်း နိုင်ငံသားအဖြစ် ရုပ်သိမ်းခံရခြင်းနှင့် နိုင်ငံမှ နှင်ထုတ်ခံရခြင်းတို့ကို ကြုံတွေ့ခဲ့ရပါတယ်လက်ရှိတွင် ၎င်း၏ မိသားစုဝင်များသည် အိုင်ယာလန်၊ အီရန်နှင့် ဘာရိန်းနိုင်ငံတို့အပါအဝင် နိုင်ငံအသီးသီး၌ ကွဲကွာနေထိုင်နေကြရပါတယ်။

ဘာသာရေးခေါင်းဆောင် ၄၁ ဦး ဖမ်းဆီးခံရမှု

အာယာသွလ္လာဟ် ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက်က ဘာရိန်းနိုင်ငံရှိ ဘာသာရေးပညာရှင် ၄၁ ဦး ဖမ်းဆီးခံထားရကြောင်း ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူများအနက် ငါးဦးသည် အဆင့်မြင့်ဘာသာရေးသင်ခန်းစာများ (ဒရ်စ်ခါရိဂျ် (ခ) မွတ်ဂျ်သဟစ်ဒ် အတန်း) ပို့ချနေသည့် ဘာသာရေးပညာရှင်များဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့ပါတယ်။

ထို့ပြင် အစ္စလာမ်ကမ္ဘာရှိ ထင်ရှားသော မရ်ဂျအ်သကလီးဒ်ကြီးများနှင့် ဘာသာရေးပုဂ္ဂိုလ်များကို ကိုယ်စားပြုနေသည့် ဘာသာရေးပညာရှင်အချို့နှင့် ထင်ရှားသော ဘာသာရေးခေါင်းဆောင်များသည်လည်း ဘာရိန်းနိုင်ငံမှ ထွက်ခွာရန် မဖြစ်မနေ အခြေအနေကြုံခဲ့ရကြောင်း ပြောကြားခဲ့ါပတယ်။

အလားတူ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် ဘာသာရေးပညာရှင် ၁၁ ဦးအပေါ် စွပ်စွဲချက်များ တင်သွင်းထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ထိုသူများအနက် လူသိအများဆုံးပုဂ္ဂိုလ်တစ်ဦးမှာ အာယာသွလ္လာဟ် ရှိက်ခ် အီစာ ကာစင်မ် ဖြစ်ါပတယ်။ 

တရားစီရင်ရေးလုပ်ငန်းစဉ်အပေါ် ဝေဖန်မှု

ဘာရိန်းဘာသာရေးပညာရှင်များ၏ အမှုများကို စစ်ဆေးစီရင်သည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဝေဖန်ပြောကြားရာတွင်အာယာသွလ္လာဟ် ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက်က  “စီရင်ချက်များကို ကြေညာသည့်အချိန်တွင် တရားသူကြီးသည် နှစ်မိနစ်ခန့်သာ စကားပြောခဲ့သည်။ ထို့နောက် လူငါးဦး၏ အမည်များကို ဖတ်ကြားပြီး ၎င်းတို့အား ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ကြောင်း ကြေညာခဲ့သည်။ ကျန်တရားခံများကိုလည်း တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခဲ့ါပတယ်။ ထိုအချိန်တွင် တရားသူကြီးသည် စိုးရိမ်ထိတ်လန့်နေပြီး တုန်လှုပ်သောအသံဖြင့် စကားပြောနေခဲ့သော်လည်း တရားခွင်အတွင်းရှိ ဘာသာရေးပညာရှင်များကမူ အဆိုပါစီရင်ချက်များကို ခိုင်မာပြတ်သားမှုနှင့် သတ္တိရှိရှိ ရင်ဆိုင်ခဲ့ကြသည်” ဟု ပြောကြားခဲ့ါပတယ်။

ရှီအဟ် ဘာသာရေးအဖွဲ့အစည်းများ၏ လွတ်လပ်ခွင့် ကန့်သတ်ခံရမှု

အာလေ့ ခလီဖာအစိုးရ၏ အခြားလုပ်ဆောင်ချက်များအဖြစ် ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများကို ကန့်သတ်ခြင်းနှင့် ရှီအာသာသနာရေးရန်ပုံငွေဌာန၏ လွတ်လပ်ခွင့်ကို ဖယ်ရှားခြင်းတို့ကိုလည်း ၎င်းက ထောက်ပြခဲ့ပါတယ်။

ယခင်က စွန်နီသာသနာရေးရန်ပုံငွေဌာနနှင့် သီးခြားလွတ်လပ်စွာ ရပ်တည်ခဲ့သည့် ရှီအာသာသနာရေးရန်ပုံငွေဌာနကို ဆွန်နီသာသနာရေးရန်ပုံငွေဌာနနှင့် ပေါင်းစည်းခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်သို့ ထည့်သွင်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

သို့သော် ရှီအဟ် နှင့် စွန်နီသာသနာရေးရန်ပုံငွေဌာနတို့သည် နှစ်ပေါင်းရာနှင့်ချီ၍ သီးခြားလွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်လာခဲ့ကြသည့် အဖွဲ့အစည်းများဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါတယ်။

ဘာသာရေးအခမ်းအနားများအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များနှင့်ပတ်သက်၍လည်း အဆိုပါအစီအမံများသည် ဟိုစိုင်နီယာများ (ရှီအဟ် ဘာသာရေးအခမ်းအနားများ ကျင်းပရာနေရာများ) နှင့် ပြည်သူများ၏ နေအိမ်များအတွင်း၌ပင် ဝမ်းနည်းအောက်မေ့ပွဲများ ကျင်းပခွင့် ပိတ်ပင်သည့်အဆင့်အထိ ရောက်ရှိလာကြောင်း ပြောကြားခဲ့ပါတယ်။

မကြာသေးမီကလည်း ဟဇရသ် အွန်မ်မိုလ်ဘနီးန် (စ.အ) ၏ ရှဟာဒသ်နှင့် ဝဖာသ်အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ပွဲများ ကျင်းပခဲ့ခြင်းကြောင့် ဟိုစိုင်နီယဟ် (အေမာမ်ဘာရာ)  တာဝန်ရှိသူအချို့ကို ဖမ်းဆီးခဲ့ပြီး တရားရုံးသို့ ဆင့်ခေါ်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရက်ပေါင်း ၄၀ ကြာ စစ်ပွဲနောက်ပိုင်း အခြေအနေများ

ရက်ပေါင်း ၄၀ ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲနောက်ပိုင်း အခြေအနေများနှင့်ပတ်သက်၍ အာယာသွလ္လာဟ် ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက်က 
“အဆိုပါအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် နဂျဖ်မြို့တွင် ရောက်ရှိနေသည့် ဘာရိန်းဘာသာရေးပညာရှင်တစ်ဦးသည် ကျွန်ုပ်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းက ယခင်က အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်သည် ဘာရိန်းရှိ ပစ်မှတ်အချို့ကို တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ကြားသိခဲ့ရသော်လည်း ထိုလုပ်ရပ်များ၏ အကျိုးသက်ရောက်မှုကို မသိရှိခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ သို့သော် မကြာသေးမီက အာလ်ခလီဖာအစိုးရက ဘာသာရေးပညာရှင်များအပေါ် ပြုလုပ်ခဲ့သည့် အရေးယူမှုများနှင့် ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခဲ့မှုများကို တွေ့မြင်ပြီးနောက် ထိုတိုက်ခိုက်မှုများသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှုရှိခဲ့ကြောင်း ကျွန်ုပ်တို့ နားလည်လာခဲ့သည်” ဟု ပြောကြားခဲ့ပါတယ်။

အာလင်မ် များအပေါ် စွပ်စွဲချက်များ၏ အခြေခံကို မေးခွန်းထုတ်

အာယာသွလ္လာဟ် ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက် က ဘာရိန်းဘာသာရေးပညာရှင်များအပေါ် တင်သွင်းထားသည့် စွပ်စွဲချက်များ၏ အခြေခံအကြောင်းရင်းကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

၎င်းက ဘာရိန်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယုံကြည်ချက်နှင့် သဘောထားအမြင် လွတ်လပ်ခွင့်ကို အာမခံထားကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် အာလင်မ် များကို မည်သည့်အခြေခံအကြောင်းရင်းဖြင့် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် သီးခြားအဖွဲ့အစည်းတစ်ခုနှင့် ဆက်နွှယ်သူများအဖြစ် သတ်မှတ်ပြီး ထိုသို့သတ်မှတ်ချက်များအပေါ် အခြေခံကာ တရားစွဲဆိုမှုများ ပြုလုပ်နေသည်ကို နားမလည်နိုင်ကြောင်း ပြောကြားခဲ့ါပါတယ်။

အာလင်မ်များအပေါ် တင်သွင်းထားသည့် စွပ်စွဲချက်များသည် အလွန်တူညီနေကြောင်းလည်း ၎င်းက ထောက်ပြခဲ့ပါတယ်။

“စွပ်စွဲချက်စာတမ်းများ၏ ၈၅ ရာခိုင်နှုန်းခန့်မှာ တစ်ခုနှင့်တစ်ခု တူညီနေသည်။ ယင်းအချက်က စွပ်စွဲချက်များကို အဖွဲ့အစည်းတစ်ခုတည်း သို့မဟုတ် သီးခြားအုပ်စုတစ်ခုက ညှိနှိုင်းပြင်ဆင်ထားကြောင်း ပြသနေပါတယ်။ထို့အပြင် အမှုများကို စစ်ဆေးနေစဉ် သက်သေအဖြစ် တင်သွင်းလာသည့် လုံခြုံရေးအရာရှိများသည် မေးခွန်းအများအပြားကို ဖြေဆိုရာတွင် မသိရှိကြောင်း ပြောဆိုခဲ့ကြပြီး စစ်ကြောရေးမှတ်တမ်းများတွင် ဖော်ပြထားသည့် အချက်အလက်များကိုသာ ပြန်လည်ညွှန်းဆိုခဲ့ကြသည်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

ထို့နောက် အာယာသွလ္လာဟ် က အဆိုပါအမှုများတွင် စာမျက်နှာပေါင်း ၁၆,၀၀၀ ခန့်ရှိသည့် စာရွက်စာတမ်းများနှင့် စွပ်စွဲချက်များ ပါဝင်ခဲ့ပြီး ယင်းတို့အနက် အများအပြားမှာ ငွေကြေးဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

သို့သော် ထိုမျှများပြားသည့် အမှုစာရွက်စာတမ်းများကို စစ်ဆေးရန် အချိန် ၉၀ မိနစ်ခန့်သာ သတ်မှတ်ပေးခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့ပါတယ်။

ထို့အပြင် ဘာသာရေးပညာရှင် ၅၅ ဦးက ၎င်းတို့၏ ရှေ့နေများကို အမှုစစ်ဆေးသည့် လုပ်ငန်းစဉ်အတွင်း ဆင့်ခေါ်ခြင်းမရှိခဲ့ကြောင်းနှင့် မိမိတို့၏ အမှုသည်များဘက်မှ ထိရောက်စွာ ခုခံချေပနိုင်သည့် အခွင့်အရေး မရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဘာရိန်းအစိုးရအတွက် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အကျိုးဆက်များ

အာယာသွလ္လာဟ် ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက် က အဆိုပါအချက်များအားလုံးကို စုစည်းကြည့်ပါက ဘာရိန်းဘာသာရေးပညာရှင်များ၏ အမှုများကို စစ်ဆေးခြင်းနှင့် တရားစီရင်ချက်များ ချမှတ်ခြင်းလုပ်ငန်းစဉ်တွင် မတရားမှုများ ပါဝင်နေကြောင်း ထင်ရှားနေသည်ဟု အလေးပေးပြောကြားခဲ့ပါတယ်။

ထို့ပြင် အဆိုပါလုပ်ရပ်များသည် ဘာရိန်းအစိုးရအတွက် ပြင်းထန်သော လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ပြီး နိုင်ငံ၏ လူမှုစနစ် ပြိုကွဲသွားစေရန် အခြေအနေများ ဖန်တီးပေးနိုင်ကြောင်းလည်း ၎င်းက သတိပေးခဲ့ပါတယ်။

ဘာရိန်းအာလင်မ် များအား ဂုဏ်ပြုအားပေးစကား ပြောကြား

အာယာသွလ္လာဟ် ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက် သည် မိန့်ခွန်းအဆုံးတွင် ဘာရိန်းအာလင်မ် များအား အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

“အို ဘာရိန်း အာလင်မ် များခင်ဗျား။ ခင်ဗျားတို့ဟာ ဘာရိန်းနိုင်ငံနဲ့ ၎င်း၏ပြည်သူများအတွက် အဖိုးတန်ရတနာများနှင့် တန်ဖိုးမဖြတ်နိုင်သော အရင်းအမြစ်များ ဖြစ်ကြပါတယ်။ အလ္လာဟ်အရှင်မြတ်သည် ခင်ဗျားတို့၏ တောက်ပမှုနှင့် ဂုဏ်သိက္ခာရှိသော အဆင့်အတန်းကို ဘာရိန်းပြည်သူများ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းရှိ လူသားများအား ပြသရန် အလိုတော်ရှိခဲ့ပါတယ်။ ထို့ပြင် နောင်တမလွန်ဘဝ မရောက်မီကတည်းကပင် ခင်ဗျားတို့၏ တန်ဖိုးနှင့် ဂုဏ်သိက္ခာကို ကမ္ဘာသူကမ္ဘာသားများ သိရှိစေရန် အရှင်မြတ်က အလိုတော်ရှိခဲ့ပါတယ်။”

ထို့အပြင် ဘာရိန်းအာလင်မ် များအပေါ် ချမှတ်ထားသည့် စီရင်ချက်များကို ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ အာရပ်အဖွဲ့ချုပ်နှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အဆိုပါစီရင်ချက်များနှင့် မတရားသော အရေးယူမှုများအပေါ် သဘောထားရပ်တည်ချက် ထုတ်ဖော်ကြရန် တိုက်တွန်းခဲ့ပါတယ်။

ထို့ပြင် ဖမ်းဆီးခံထားရသည့် အာလင်မ် များနှင့် အာလေ့ ခလီဖာအစိုးရ၏ ထိန်းသိမ်းမှုအောက်တွင် ရှိနေသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းကြရန်လည်း တောင်းဆိုခဲ့ပါတယ်။

အစ္စလာမ်နိုင်ငံများအကြား သွေးကွဲစေရန် ရန်သူများ၏ ကြိုးပမ်းမှုကို တားဆီးရန် တိုက်တွန်း

အဆိုပါဆွေးနွေးပွဲ၏ နောက်ဆက်တွဲအစီအစဉ်တွင် ၂၀၁၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့က အစ္စလာမ်မစ်တော်လှန်ရေး၏အာဇာနည် ဖြစ်သွားပြီဖြစ်သော ခေါင်းဆောင်ကြီး၏ မိန့်ခွန်းကို ကိုးကား၍ အစ္စလာမ်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေရန်နှင့် မွတ်စလင်ပြည်သူများအချင်းချင်း ရန်တိုက်ပေးရန် ရန်သူများ၏ မူဝါဒကို တားဆီးရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

အဆိုပါမိန့်ခွန်းတွင် အစ္စလာမ်မစ်တော်လှန်ရေး၏ အာဇာနည် ဖြစ်သွားပြီဖြစ်သော ခေါင်းဆောင်ကြီးက —

“ရန်သူများသည် အဓိကရန်သူဖြစ်သည့် နယ်ချဲ့ဝါဒ၊ ၎င်းတို့၏ လက်အောက်ခံများနှင့် ဇီယွန်ဝါဒီများကို နောက်ကွယ်သို့ တွန်းပို့ထားပြီး အစ္စလာမ်နိုင်ငံများကို အချင်းချင်း ရင်ဆိုင်တိုက်ခိုက်စေရန် ကြိုးပမ်းနေကြသည်။ ထို့ကြောင့် ခေတ်သစ်ဂျာဟီလီယာဟု ခေါ်ဆိုနိုင်သည့် ဤမူဝါဒကို ကျွန်ုပ်တို့ တားဆီးရမည်ဖြစ်သည်” ဟု မိန့်ကြားထားပါတယ်။

ထို့အပြင် အဆိုပါမိန့်ခွန်းတွင် ဖိနှိပ်ခံရသူများကို ကာကွယ်ပေးရေးနှင့် ဖိနှိပ်သူများကို ရင်ဆိုင်တားဆီးရေးတို့ကိုလည်း အလေးပေးဖော်ပြထားသည်။

“ကျွန်ုပ်တို့သည် မည်မျှတတ်နိုင်သည်ဖြစ်စေ ဖိနှိပ်ခံရသူများကို ကာကွယ်ပေးပြီး ဖိနှိပ်သူများကို ရင်ဆိုင်တားဆီးသွားမည်ဖြစ်သည်။ အစ္စလာမ်မစ်နိုးကြားမှုကို အချိန်ကာလတစ်ခုအထိ ဖိနှိပ်ချုပ်ချယ်ထားနိုင်ကောင်း ထားနိုင်မည်ဖြစ်သော်လည်း နိုးကြားမှုနှင့် အသိအမြင်တို့ကိုမူ ဖိနှိပ်ချုပ်ချယ်၍ မရနိုင်ပေ။ ယနေ့ အီရန်ပြည်သူများနှင့် ဒေသတွင်းနိုင်ငံအများစုမှ ပြည်သူများသည် အသိအမြင်ရှိပြီး နိုးကြားတက်ကြွနေကြပြီဖြစ်သည်” ဟု မိန့်ကြားထားပါတယ်။ 


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha