အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မိခင်တစ်ဦးက ဆန္ဒရှိမယ်ဆိုရင် မိမိရဲ့သားသမီးကို ဖခင်အပေါ် မလေးစားအောင်၊ ဖခင်ကို ဆန့်ကျင်လာအောင် ပြုလုပ်နိုင်ပါတယ်။ မိခင်က ဆန္ဒရှိမယ်ဆိုရင်တော့ သားသမီးကို ဖခင်အပေါ် လေးစားမှုရှိအောင်လည်း ပျိုးထောင်ပေးနိုင်ပါတယ်။
သားသမီးတစ်ဦးက ဖခင်အပေါ် ဘယ်လောက်အထိ လေးစားမှုရှိသလဲဆိုတာဟာ မိခင်ရဲ့ ပြုစုပျိုးထောင်မှုအပေါ်မှာ မူတည်နေပါတယ်။ မိခင်က ဖခင်ရဲ့ မကောင်းကြောင်းတွေကို သားသမီးရှေ့မှာ ပြောဆိုနေမယ်ဆိုရင် သားသမီးလည်း တဖြည်းဖြည်းနဲ့ ဖခင်အပေါ် ရိုင်းစိုင်းစွာ ပြုမူရဲလာပါလိမ့်မယ်။ အဲဒီလိုနဲ့ သူတို့ရဲ့စိတ်ထဲမှာ ဖခင်ကို မလေးစားဝံ့တဲ့ သတ္တိမျိုး တဖြည်းဖြည်း ပေါ်ပေါက်လာပါလိမ့်မယ်။
“ငါတို့ရဲ့ မိခင်ကလည်း အဖေ့ကို အမြဲတမ်း ဆူပူကြိမ်းမောင်းပြီး အနိုင်ယူထားခဲ့တာပဲ။ အခုတော့ ငါတို့လည်း အဖေ့ကို ခေါင်းမထောင်နိုင်အောင် လုပ်ထားကြမယ်” ဆိုတဲ့ စိတ်မျိုး ဖြစ်လာနိုင်ပါတယ်။
အိမ်ထောင်စုတစ်ခုမှာ အမျိုးသမီးက မိမိရဲ့ခင်ပွန်းအပေါ် အမြဲတမ်း အနိုင်ယူလွှမ်းမိုးနေမယ်ဆိုရင် အဲဒီအိမ်က သားသမီးတွေလည်း မိမိတို့ရဲ့ဖခင်ကို လေးစားမှုမရှိကြတော့ပါဘူး။ အဲဒီအိမ်က ကလေးတွေဟာ ဖခင်ကို လေးစားကြမှာ မဟုတ်ပါဘူး။
ဒီအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးမှာ လိုက်လံရှာဖွေကြည့်ရှုနိုင်ပါတယ်။ ကိုယ်တိုင်လည်း လေ့လာကြည့်ရှုနိုင်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment