အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ မှ မြန်မာမွတ်စလင်မ်နက် သတင်းဌာနမှတဆင့်ကောက်နှုတ် ကူးယူးတင်ပြသည်မှာ
၁၉-၅-၂၀၁၂ - ၁၄၈၆ နှစ်မြောက် တမန်တော်နေ့အခမ်းအနား ကျင်းပရာ စွန္နီ ရှီအာဟ်ပညာရှင်များမှ
ဂုဏ်ပြုမိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။ဤအခမ်းအနားအား မြန်မာနိုင်ငံ ဆရာဝန် အသင်းခန်းမတွင်
တမန်တော်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီက ကျင်းပပြုလုပ်ခဲ့သည်။ ၀န်ကြီးမှ သ၀ဏ်လွှာပေးပို့ အခမ်းအနားသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်ထံမှ ဂုဏ်ပြု
သ၀ဏ်လွှာ ပေးပို့သည်။ အဆိုပါသ၀ဏ်လွှာတွင် 'ယနေ့ တွင် အစ္စလာမ်ဘာသာရေးအဖွဲ့ ၁၀ဖွဲ့တို့ကစည်းစည်းလုံး
လုံးညီညီ ညွတ်ညွတ်ဖြင့်
အောင်မြင်စွာ ကျင်းပသကဲ့သို့ ရှေ့သို့ဆက်၍ အစ္စလာမ်သာသနာ့တာဝန်များကို စွမ်းစွမ်းတမံ
ညီညွတ်စွာ ......
ထမ်းဆောင်နိုင်ကြပါစေ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို ခေတ်မှီဖွံ့ဖြိုး တိုးတက်
သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး
အဖြစ်တည်ဆောက် နေချိန်တွင် နိုင်ငံသားကောင်း သမီးကောင်းများ ပီသစွာဖြင့် မိမိတို့ကျရာ
ကဏ္ဍများမှ စွမ်းအားရှိသမျှ ပါဝင်ဆောင်
ရွက်နိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်ဟု' ပါရှိပါသည်။