၂ ဇွန် ၂၀၁၂ - ၁၉:၃၀

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ အနေဖြင့် mmsy မှကောက်နှုတ် ပြီး ကိုလိုနီအစ္စရေးတို့ ၏သင်္ချိုင်းဂူအတုများ အလ်အက္ကဆာ ဗလီအနီးတွင် ဆောက်လုပ်နေကြကြောင်းကို တင်ပြ လိုက်ပါသည်။

မေလ ၂၉ ရက်နေ့ ၂၀၁၂သတင်းသုံးသပ်ချက်။ ။ ၁၉၆၇ ကမ္ဘာ့ကုလသမ္မဂမှ တရားဝင်ဆုံးဖြတ်ခဲ့သည့် ပါလစ္စတိုင်း နိုင်ငံတော်ပိုင်နယ်မြေဖြစ်သော ဂျေရုစလင်မြို့ဟောင်းနှင့် အလ်အက္ကဆာဗလီဝတ်ကျောင်းတော်ကြီး ပတ်ဝန်းကျင်တွင် မွတ်စလင်မ်တို့၏ သမိုင်းဝင်တန်ဖိုးမဖြတ်နိုင်သော အုတ်ဂူရာအမြောက်အမြား တည်ရှိနေပေသည်။ ထိုအုတ်ဂူရာများထဲတွင်ကိုလိုနီအစ္စရေးတို့ကဂျူးအုတ်ဂူအမြောက်အမြားကိုတရားမဝင် ဗြောင်ကျကျူးကျော်ဆောက်လုပ်လာနေကြသည်။ကိုလိုနီအစ္စရေးဆောက်လုပ်ထားသောအုတ်ဂူအတုများထဲတွင် သေဆုံးသူတစ်ဦးတစ်ယောက်မှမပါဝင်ပေ။