بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ စူရဟ်ဟမ်ဒ် (၁)။ ၁။ (မဟာ) သနားကြင်နာ၊ညှာတာတော်မူသော ၊(မဟာ)အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသောမြတ်အလ္လာဟ် ၏အမည်နာမတော်ဖြင့်(ဦးစွာ) အစပြုပါသတည်း။[1] ၂။(အထူး) ချီးမွမ်းထောမနာမှုသည် ၊စကြာဝဠာအပေါင်းတို့ကို ပြုစုပျိုးထောင်၊မွန်းမံတော်မူထား သည် မြတ်အလ္လာဟ်အတွက် ပင်တည်း။ [2] ၃ ။ ဤအရှင်မြတ်သည် (မဟာ) သနားကြင်နာ၊ညှာတာတော်မူသော ၊(မဟာ)အနန္တ ကရုဏာတော်ရှင်ဖြစ်တော်မူသော အရှင် ဖြစ်တော်မူသည်။ ၄ ။ကေယာမတ်နေ့ ကို စိုးပိုင်တော်မူသောအရှင်သခင်ပင်တည်း။[3]
၅ ဇွန် ၂၀၁၂ - ၁၉:၃၀
News ID: 320208
ကျမ်းတော်မြတ်ကုရ်အာန် အဟ်လေ့ဘိုက်(အ.စ) အစေခံ ၊ ရှိက်ခ် ဂျမားလ် ဟိုစိုင်း(န) ကွမ်း ၊ မှဘာသာပြန်ထားသည့် ကျမ်းတော်မြတ် ကုရ်အာန် အား အင်ရှာအလ္လာဟ် အကျိုး အထူးရှိမည်ဟု မျှော်လင့် မိ ပါသဖြင့် ကျွန်တော်များ အဗ်နာ သတင်းဌာန မှ ၊လေးစားအပ်ပါသော ချစ်ပရိတ် သတ်ကြီး အတွက် တင်ပြလိုက်ရပါသည်။