ဂျာဟေလ်တို့၏အမှတ်အသားလက္ခဏာများ တစ်ဦးတစ်ယောက်သည်တမန်တော်မြတ်ကြီး(ဆွ)ထံ လက္ခဏာများကိုမေးမြန်းရာ၌ကိုယ်တော်မြတ်(ဆွ)အနေဖြင့် အဖြေပေးမိန့်ကြားတော်မူသည်မှာ - ၁။ဂျာဟေရ်နှင့်အတူနေမည်ဆိုလျှင်အသင်အား လှည့်ဖျား၊ပေမ ၂။သူ(ဂျာဟေရ်)နှင့်ဝေးဝေးနေရင်အသင်အားဆဲရေးတိုင်ထွာ၊ပေမည်။ ၃။အကယ်၍အသင်ကိုတစ်ခုခုပေးခဲ့ပါကကျေးဇူးပြုခဲ့ကြောင်း(အကြောင်းမဲ့)ပြောပေမည်။ ၄။အကယ်၍အသင်က၊ပေးခဲ့ပါကကျေးဇူးကန်းပေမည်။ ၅။အကယ်၍လျှို့ဝှက်ချက်များပြောပြထားပါက၊အလွဲသုံးစားလုပ်ပေမည်။ ၆။အကယ်၍သူအနေဖြင့်အသင်အားမိမိလျှို့ဝှက်ချက်များပြောပြထားပါက၊(အသင်အလွဲသုံးစား မလုပ်ဘဲ)အလွဲသုံးစားလုပ်သည်ဟုစွပ်စွဲပေမည်။ ၇။ ပြည့်စုံနေပါက၊ဘဝင့်မြင့်ပြပေမည်၊အရမ်းရှိုင်းရှိုင်းစိုင်းစိုင်းဆက်ဆံပေမည်။ ၈။အကယ်၍ဆင်းရဲမပြည့်စုံပါကစောင့်စားခြင်းမရှိဘဲချက်ချင်းအလ္လာဟ်နေအ်မသ်များကိုငြင်းဆိုပေမည်။ ၉။အကယ်၍ဝမ်းသာကြည်နူးချိန်၌ဖြုန်းတီးခြင်း၊ပုန်ကန်ခြင်းကိုပြုလုပ်ပေမည်။ ၁၀။ ဝမ်းနည်းချိန်၌ မျှော်လင့်ချက်ကင်းမဲ့စွာဖြစ်နေပေမည်။ ၁၁။ ရယ်မောချိန်၌ အသံကျယ်ကျယ်ဖြင့်အော်အော်ကရယ်ပေမည်။ ၁၂။ ငိုချိန်၌ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပေမည်။အလ္လာဟ်အရှင်မြတ်သခင်ကို(တစ်ကယ်)မချစ်ဘဲ၊ မကြောက်ဘဲ၊အရှက်မထားဘဲ၊တမ်းတသတိရခြင်းမရှိဘဲမိမိကိုယ်လူကောင်းများစာရင်းထဲ သွင်းပြပေမည်။ ၁၃။ သူကိုပျော်အောင်၊ကျေနပ်အောင်လုပ်ပေးရင်အသင်အားချီးကျူးပေမည်၊ နောက်အသင်၌မရှိသောကောင်းမှုများကိုအသင်အတွက်ပြောပေမည်။(မြောက်ပင့်ပေမည်)။) ၁၄။သူကိုမပျော်အောင်၊မကျေနပ်အောင်လုပ်ပေးရင်အသင်အားကဲ့ရဲ့ပြစ်တင်ရှုတ်ချပေမည်၊ နောက်အသင်၌မရှိသောမကောင်းမှုများကိုအသင်အတွက်ပြောပေမည်။(နာမည်ဖျက်ပေမည်။) ဤလက္ခဏာများသည်ဂျာဟေလ်၏လက္ခဏာများဖြစ်ပါသည်။ (کتاب عقل ،تالیف محمدی ری شہری ،ص ٣٠٠) ကြည့် - ဂျမားလ် - ကွမ်း
၁၅ ဇွန် ၂၀၁၂ - ၁၉:၃၀
News ID: 322722
ဂျာဟေလ်တို့၏အမှတ်အသားလက္ခဏာများ ရှိက်ခ်ဂျမားလ် ဟိုစိုင်း(န) ရေးသား သီးကုံး ထားသည့် “ဂျာဟေလ်တို့၏အမှတ်အသားလက္ခဏာများ” ပို့စ်အား စာဖတ် ချစ်ပရိသတ်များအတွက် အသုံးဝင် တန်ဖိုးရှိမည်ဟု ကျွန်တော်များအဗ်နာ မှ မျှော်လင့်ပြီး msm site မှ တဆင့် တင်ပြ အပ်ပါသည်။