အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်ဘဏ္ဍာရေးဝန်ကြီး ဆယက်ဒ် အလီ မဒနီဇာဒေက အစိုးရအနေဖြင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ကျော်လွှားရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အီရန်ဘဏ္ဍာရေးဝန်ကြီး ဆယက်ဒ် အလီ မဒနီဇာဒေက တနင်္လာနေ့ညတွင် ရုပ်မြင်သံကြားအစီအစဉ်တစ်ခု၌ ပြောကြားရာ တွင် အစိုးရသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို တားဆီးကျော်လွှားနိုင်ရန် အချိန် အတော်ကြာကတည်းက စီမံကိန်းများ ချမှတ်ထားပြီးဖြစ်ကြောင်း၊ ထို့အပြင် ပိတ်ဆို့အရေးယူမှုအသစ်များကို ရင်ဆိုင်ရန်လည်း အပြည့်အဝ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံသားများ၏ ရန်သူများသည် အချိန်ကာလအမျိုးမျိုးတွင် အီရန်အာဏာပိုင်များနှင့် ပြည်သူများ၏ ဆုံးဖြတ်ချက်ခိုင်မာမှုကို စမ်းသပ်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြကြောင်းလည်း ၎င်းက ပြောပါတယ်။
၎င်းက စီးပွားရေးကဏ္ဍအတွက် နှစ်နှစ်တာ အစီအစဉ်တစ်ရပ် ရေးဆွဲထားပြီး ကဏ္ဍပေါင်းစုံနှင့် အခြေ အနေ အမျိုးမျိုးကို အသေးစိတ် ထည့်သွင်းစဉ်းစားထားကြောင်း၊ လက်ရှိအခြေအနေများကို ရင်ဆိုင်ဖြေရှင်းရန် အပြည့်အဝ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆယ်ဒ် အလီ မဒနီဇာဒေက ပင်လယ်ရေကြောင်း ပိတ်ဆို့ဝန်းရံမှုကို စစ်ရေးကျူးကျော်မှုတစ်ရပ် အဖြစ် သတ်မှတ် ပြောကြားခဲ့ပြီး၊ ထိုပိတ်ဆို့ဝန်းရံမှုသည်လည်း အီရန်နိုင်ငံသားများအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှု တစ်မျိုးပင် ဖြစ်ကြောင်း ဆိုပါတယ်။ ထို့ကြောင့် ပင်လယ်ရေကြောင်းပိတ်ဆို့မှုနှင့် ပိတ်ဆို့အရေးယူမှုများသည် အီရန်၏ စီးပွားရေးသွေးကြောများကို ဖြတ်တောက်နိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
အီရန်၏ စီးပွားရေးသွေးကြောများကို ဖြတ်တောက်ရန် ၎င်းတို့ဘက်မှ အချိန်အတော်ကြာ ကြိုးပမ်း လာခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းလည်း ၎င်းက ဆိုပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ ပြောကြားချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အခြားနိုင်ငံများ၏ ခေါင်းဆောင်များနှင့် အီရန်အပေါ် ဆန့်ကျင်သည့် ပိတ်ဆို့အရေးယူမှုအသစ်များတွင် ပူးပေါင်းပါဝင်ရေး ဆွေးနွေးခဲ့ကြောင်း ဤအချက်နှင့် ပတ်သက်၍ အီရန်၏ စီးပွားရေးသွေးကြောများကို ဖြတ်တောက် ရေးကိစ္စသည် လူတစ်ဦး၊ နှစ်ဦးနှင့် စကားပြောဆိုရုံမျှဖြင့် ရလဒ်တစ်ခု ချက်ချင်းရရှိနိုင်သည့် ကိစ္စမဟုတ်ကြောင်း ဖြစ်ပါတယ်။
မဒနီဇာဒေက အမေရိကန်တို့သည် ထိုကာလအတွင်း အီရန်အတွက် ပင်လယ်ရေကြောင်းလမ်းကြောင်းများကို ကန့်သတ်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း၊ အကြောင်းမှာ အီရန်ဘက်မှ အခြား ရွေးချယ်စရာ လမ်းကြောင်းများကို ရှာဖွေဖော်ထုတ်ထားနိုင်ခဲ့သောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment