ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ အလ္လာဟ်အရှင်မြတ် အမိန့်ခံယူ

ဈာပနနှင့် သင်္ဂြိုဟ်မည့် အခမ်းအနားကို နောက်ပိုင်းတွင် ကြေညာမည်
၂၁ စက်တင်ဘာ ၂၀၂၆ - ၀၂:၀၆
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ  ရှိုဗိုင်ရီ ဇန်ဂျာနီ အလ္လာဟ်အရှင်မြတ် အမိန့်ခံယူ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ သည် ရှီအဟ် လောက ၏ အထင်ကရ မရ်ဂျအ်တစ်ပါးဖြစ်ပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဖေကဟ် ပညာရှင်တစ်ဦးဖြစ်ကာ လောကီဘဝကို နှုတ်ဆက်၍ အလ္လာဟ်အရှင်မြတ်ထံသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ  ရှိုဗိုင်ရီ ဇန်ဂျာနီ  ၏ ရုံးတော်က ကြေညာချက်တစ်စောင် ထုတ်ပြန်၍ ဤရှီအဟ် ကမ္ဘာ ၏ အထင်ကရ မရ်ဂျအ် ကြီး ကွယ်လွန်သွားကြောင်း အသိပေးခဲ့ပြီး၊ ဤအလွန်ဝမ်းနည်းဖွယ် ဆုံးရှုံးမှုအတွက် ဟဇရသ်  ဗကီးယသိုလ္လာဟ် အလ်အအ်ဇမ် (အ.ဂျ) ၏ ရှေ့မှောက်သို့လည်းကောင်း၊ ဘာသာရေးပညာသငတက္ကသိုလ် များသို့လည်းကောင်း၊ အီရန်ပြည်သူများနှင့် ကမ္ဘာတစ်ဝန်းရှိ မရ်ဂျအ်ကို လေးစားအားကိုးသူများအားလည်းကောင်း ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။

ထိုကြေညာချက်၏ စာသားမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

بسم الله الرحمن الرحیم

«الَّذِینَ تَتَوَفَّاهُمُ الْمَلَائِکَةُ طَیِّبِینَ ۙیَقُولُونَ سَلَامٌ عَلَیْکُمُ ادْخُلُوا الْجَنَّةَ بِمَا کُنْتُمْ تَعْمَلُونَ»

အဲဟ်လေ့ဘိုက်(သ) (အ.စ)  ၏ သန့်ရှင်းမြင့်မြတ်သော ဖေကဟ် ပညာရှင်၊ ရှီအဟ် လောက၏ အထင်ကရ မရ်ဂျအ်ကြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ  ရှိုဗိုင်ရီ ဇန်ဂျာနီ  (အလ္လာဟ်အရှင်မြတ်သည် အာယာသွလ္လာဟ် အပေါ် ကရုဏာတော်ပြုတော်မူပါစေ) ၏ သန့်ရှင်းသောဝိညာဉ်တော်သည် အလ္လာဟ်အရှင်မြတ်ထံသို့ ပြန်လည်ရောက်ရှိသွားပါပြီ။

ထိုအထင်ကရ မရ်ဂျအ်ကြီး၏ မင်္ဂလာပြည့်ဝသော အသက်တာရှည်နှင့် ဂုဏ်ယူဖွယ်ဘဝသည် နက်နဲသော အတွေးအခေါ်နှင့် ဆင်ခြင်သုံးသပ်မှု၊ အဆက်မပြတ် သိပ္ပံ/ဘာသာရေးပညာရပ်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှု၊ စစ်မှန်သော ဖေကဟ် ပညာကို ထိန်းသိမ်းမြှင့်တင်ရန် ရိုးသားစွာ ကြိုးပမ်းမှု၊ အစ္စလာမ်၏ အယူဝါဒနှင့် အသိပညာများကို ဖြန့်ဝေမှု၊ ရှီအဟ် အသိုင်းအဝိုင်း၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်မှု၊ ထို့အပြင် ပြည်သူများအပေါ် စေတနာကောင်းရှိမှုနှင့် စိတ်ရင်းမှန်ဖြင့် ဂရုစိုက်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ပါသည်။

ဤအလွန်ဝမ်းနည်းဖွယ် ဆုံးရှုံးမှုအတွက် မြင့်မြတ်တော်မူသော အရှင်သခင်၏ အမှုတော်ထမ်း၊ ဟဇရသ်  ဗကီးယသိုလ္လာဟ် အလ်အအ်ဇမ် (အ.ဂျ) ၏ ရှေ့မှောက်သို့လည်းကောင်း၊ မြတ်နိုးအပ်သော ဘာသာရေးပညာသင်တက္ကသိုလ် ကျောင်းများသို့လည်းကောင်း၊ ဂုဏ်သိက္ခာရှိသော အီရန်ပြည်သူများသို့လည်းကောင်း၊ ကမ္ဘာတစ်ဝန်းရှိ မရ်ဂျအ်ကို လေးစားအားကိုးသူများအားလည်းကောင်း ဝမ်းနည်းကြောင်း အလေးအနက် ဖော်ပြအပ်ပါ  သည်။

ထို့အပြင် အာယာသွလ္လာဟ်ကြီး ၏ သန့်ရှင်းမြင့်မြတ်သော ရုပ်ကလာပ်ကို ဈာပနပြုခြင်းနှင့် သင်္ဂြိုဟ်ခြင်း အခမ်းအနားများကို နောက်ပိုင်းတွင် ထပ်မံကြေညာပေးမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ  ရှိုဗိုင်ရီ ဇန်ဂျာနီ အလ္လာဟ်အရှင်မြတ် အမိန့်ခံယူ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ  ရှိုဗိုင်ရီ ဇန်ဂျာနီ   ၏ ရုံးတော်

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha