အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။ ရှီအာထိပ်တန်းသုခမိန်ကြီးတစ်ပါးဖြစ်သည့် ဟဇရတ်အာယာသွလ်လ္လာဟ် ရှဟီးဒ် ဆာနီ အနေဖြင့် ဆရာတာဝန်ကို သုံးပိုင်းခွဲခြားပြထားလေသည်။ပထမတာဝန်  - မိမိနှင့်ပတ်သက်ပြီးထမ်းဆောင်ရမည့်တာဝန်ဒုတိယတာဝန် - မိမိ၏တပည့်များ နှင့်စပ်လျဉ်းပြီး ထမ်းဆောင်ရမည့်တာဝန်တတိယတာဝန် - စာသင်ခန်းတွင် ထမ်းဆောင်ရမည့် တာဝန်များပထမတာဝန်  - မိမိနှင့်ပတ်သက်ပြီးထမ်းဆောင်ရမည့်တာဝန်မိမိကိုယ်ကို ဆရာနေရာတွင် ထားလိုသူများသည် မိမိသင်ကြားပို့ချမည် ပညာရပ်နှင့် ပတ်သက်ပြီး ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုပါသည်။ ဤကဲ့သို့ အရည်အချင်း ပိုင် မပိုင်ကို စမ်းစစ် ၊စိစစ်နိုင်ရန်အတွက် ကျွမ်းကျင်သည် ဆရာ တယောက်ယောက် ရှေ့မှောက်တွင် မိမိပညာစွမ်းရည် ကို အစိစစ်ခံနိုင်ရ ပေမည်။အကယ်ဤသို့မဟုတ်ဘဲ နေရာယူမည်ဆိုလျှင် မိမိကိုယ့်ကို သောကဒုက္ခများနှင့် ရင်ဆိုင်ရအောင်ပြု ခြင်းမည်ပေမည်။ကိုယ်အရည်အချင်း နှင့်အညီ ခြေလှမ်းရပေမည်။စာရှု့သူများကိုယ်တိုင်လည်း အနည်းနှင့်အများဆိုသလို အတွေ့အကြုံရှိကြပေမည်။နောက်မိမိ ပညာနှင့်အညီ ကျင့်သုံးဖို့လည်း လိုပေသည်။  အကယ်၍ ပညာနှင့်လက်တွေ့ မညီပါက တပည့်များနှလုံးသားအတွင်းဆရာအားကြည်ညိုလေးစား၊ရိုသေမှု၊ပပျောက်သွားလိမ့်မည်။စကားနား ထောင်ဖို့ အသင့်ဖြစ်မည် မဟုတ်တော့ချေ။ဤအတွက်ကြောင့်လည်းကျမ်းတော်မြတ် ကုရ်အာန် စူရဟ် ၂ ၊အာယတ်တော် ၄၄ တွင် မိန့်ထားတော်မူသည်မှာ -((အသင်သည်အခြားသူများအား ကောင်းမှုကုသိုလ်များပြုလုပ်ရန် အမိန့်ပေးပြီးမိမိကိုယ်အဘယ်ကြောင့်မေ့ နေရပါသနည်း?))ဤအတွက်ကြောင့်လည်း အေမာမ်ဂျအ်ဖဂ်ဆွာဒစ် (အ.စ) အနေဖြင့် မိန့်ထားတော်မူသည်မှာ -((အကြင်မည်သူ မဆို ၊၎င်း၏အပြောနှင့်အလုပ်မညီပါက ၊အာလင်မ်(ပညာရှင်) မဟုတ်ချေ။))ကြည့် - အူစူလေကာဖီး အတွဲ ၁ ၊စာမျက်နှာ ၃၆ဒုတိယတာဝန် - မိမိ၏တပည့်များ နှင့်စပ်လျဉ်းပြီး ထမ်းဆောင်ရမည့်တာဝန်တိုက်တန်သူကို ပညာသင်ပေးရန် ရွေးချယ်နိုင်ရပေမည်။ပညာ၏တန်ဖိုးသိသူ ပညာကို လေးစား မြတ်နိုးတန်ဖိုးထားတတ်သူ၊နီယသ်ကောင်းသူကိုသာပညာသင်ကြားပေးရမည်။ထိုမှသာတန်ဖိုးရှိပေ မည်။ဤနေရာတွင် သတိနှင့်တရားမျှတမှုရှိဖို့လိုသည်။အကြောင်းမှအချို့တပည့်ခံသူများသည်ဆရာအားမြောက်ပင်ပြီးနေရာရရန်၊မိမိဘဝအဆင်ပေးရန်အ တွက်ဆရာဆီကပ်ပေသည်။ဤကဲ့သို့သော်ပုဂ္ဂိုလ်များကိုဘာသာရေးနယ်ပယ်၊စီးပွားရေးနယ်ပယ်တွင်မတွေ့ချင်မှ အဆုံး ၊ထုနှင့်ထေပင်။အချို့တပည့်များသည်ပညာကိုတန်ဖိုးထားမြတ်နိုးထားသော်လည်းဆရာကိုမဖားတတ်သဖြင့်ရောက်ရမည်နေရာမရောက်ရရှာပေ ။ ဤကဲ့သို့တပည်များ မှာ လည်း ကျွန်တော်ပတ်ဝန်းကျင်တွင် တွေ့ နိုင်ပေ သည်။တိုက်တန်သူကို ပညာသင်ပေးရန် ရွေးချယ်နိုင်သည့် နည်းလမ်းကောင်းကို ရှေ့ခေတ်အိုလမာများမှ ကျင့်ဆောင်ခဲ့သည်မှာအတုယူဖွယ်ပင်။ ပညာတန်ဖိုးမလျော့စေရန် ရှေးခေတ် ပညာရှင်များသည် ပညာကို မိမိတို့နေအိမ်တွင်တပည့်များကို လာရောက် ဆည်းပူးစေသည်။ တပည့်အိမ်သို့သွားပြီး မသင်ပေးချေ။အကယ်၍တပည့်အိမ်သို့ သွားပြီးသင်ပေးပါက တပည့်အမြင်တွင် ဆရာနှင့် ၎င်းပညာ၏ တန်ဖိုးမရှိတော့ချေ။ သို့မဟုတ် အလေးမထားတော့ချေ။ ယခုခေတ်ကြီးတွင် လက်တွေ့ပင် တပည့်များအိမ်သို့လာရောက်ပြီးသင်ပေးသည်ကျူရှင်ဆရာများ၏အခြေအနေကို သုံးသပ်နိုင်ပေသည်။ဤအတွက်ကြောင့်လည်း အစ္စလာမ်ဘာသာ၏ ဟဒီးစ်တော်များတွင်မည်မျှပင် ဝေးပါစေ တရုတ်ပြည်အထိ သွားရောက်ပညာဆည်းပူးရန် မြတ်နဘီ(ဆွ) မှ မိန့်ထားတော်မူခြင်း ဖြစ်ပါသည်။ပညာသည် အင်မတန်တန်ဖိုးကြီးမားသည့် စည်းစိမ်းပင်ဖြစ်ပါသည်။ဤအကြောင်းသိပါက ပညာအတွက်ခရီးထွက်ဖို့ ၊ ရေခြားမြေခြား နေဖို့ ၊ အနေဆင်းရဲ ၊ အစားဆင်းရဲ ခံဖို့၊အခက်အခဲအမျိုး မျိုးကို ရင်ဆိုင်ဖို့ သတ္တိရှိလာပေမည်။တတိယတာဝန် - စာသင်ခန်းတွင် ထမ်းဆောင်ရမည့် တာဝန်များဆရာသမားအနေဖြင့်အမြဲတမ်း ပညာဆီးမီး ထွန်းပေးဖို့ အသင့်ရှိနေရပေမည်။ မည်သည့်အကြောင်း ကြောင့်စေးနှေးမှုမပြုရပေ။ဆရာစားမကျန်သင်ကြားပေးရမည်၊နီယသ်မှန်ဖြင့်ဆရာစားမကျန်သင်ကြားပေးသည့် ဆရာတိုင်းကို မည်သူမျှ အကောက်မကျင့်နိုင်ခြေ။ အကြောင်းမှာ အလ္လာဟ်ဟို အရှင်မြတ် ကိုယ်တော်တိုင် စောင့်ရှောက်တော်မူပေမည်။ အေမာမ်မိုဟမ္မဒ်ဘကေရ်(အ.စ) မိန့်တော်မူသည်မှာ  -((ပညာ၏ ဇကာသ် သည် အလ္လာဟ်ဟို အရှင်မြတ်၏ အဖန်းဆင်းခံ များကို ပညာ သင်ပေးခြင်း ဖြစ်ပေသည်။))ကြည့် - အူစူလေကာဖီး အတွဲ ၁ ၊စာမျက်နှာ ၄၁မသင်ကြားမည်အရင် ကြိုတင်လေ့လာထားဖို့ ၊ကျွမ်းကျင်ဖို့ ၊တပည့်များကို ကျောသားရင်သား မခွဲခြားဖို့၊ကြိုးစားသည်တပည့်ကိုကြိုးသားသည်အလျောက်အားပေးအားမြောက်ပြုမှု၊မကြိုးစားသည့်                         တပည့် ကို အရင် ဘာကြောင့် မကြိုးစားနိုင်ရသနည်း ၊ ဘာတွေအခက်အခဲဖြစ်နေသနည်းစသည်ဖြင့်စိစစ်မှုများပြုပြီး သွန်သင်ကူညီရပေမည်။ကျေးဇူးစားကျေးဇူးခံအဖြင့်လည်းမသင်မိဖို့သတိပြုရပေမည်။အသပြာထက်ပညာကိုအထူးအလေးပေး ရမည်။တပည့်များတိုးတက်လာလျှင်ဖြစ်စေ၊အကယ်၍မိမိထက်ပင်သာသွားလျှင်ရှု့နိုင်သည့်စိတ်ထားကောင်းရှိ ရမည်။မနာလို စိတ်မမွေးသင့်ချေ။ဂျမားလ်(ကွမ်း)အဓိက ကျမ်းကိုးအာဒါဗ်ဗေ အစ္စလာမ်မီကျမ်း အတွဲ(၂)