ငြင်းမရသည့် အမှန်တရား တစ်ခု
ကျွန်တော်တို့မှီတင်း နေထိုင်ရာဤကမ္ဘာလောက ကြီး၌ ငြင်းမရသည် အမှန်တရားများ
အနက်မှတစ်ခုမှာမှန်မှန်ကန်ကန် နေသူများကို လူမုန်း များပြီး ၊ရိုက်ပေါက်၊ပြဿနာ
ကောင် ၊ငဖွ ၊စသည်ဖြင့် မြင်ကြခြင်းဖြစ်ပေသည်။
တစ်ချို့  ပညာမရင့်ကျက်သူများ၊ဥာဏ်နည်းသူများ၊သီလ သမာဓိအားနည်းသူများက၊
အရာရာ အတွက် အောင်မြင်မှု မှန်ကန်မှုအား အများကိန်းဖြင့် သတ်မှတ်ကြပေသည်။
သာဓကအားဖြင့် - လူအများဆုံးဘာသာသည့်သာလျှင် မှန်ကန်သည့်ဘာသာ၊
လူအများဆုံးပါဝင်သည့် အုပ်စု သာလျှင် မှန်ကန် သူများ၊ဖြောင့်မတ်သူများ
စသည်ဖြင့် …
သို့သော် ရိုးရိုးရှင်းရှင်းအေးအေးလေ မိမိနှလုံးသားနှင့် အသိဥာဏ် ၊ကျမ်းတော်မြတ်ကုရ်အာန်၊
စစ်မှန်သည့် ဟဒီးစ်တော်များ၊ အိုလမာများ၊ကိုယ်တော်မိုဟမ္မဒ်(ဆွ)နှင့်
အဟ်လေ့ဘိုက်(အ.စ)သမိုင်း၊လက်ရှိ အခြေအနေ တို့ကို လေ့လာလျှင်
ငြင်းမရသည့် အမှန်တရား တစ်ခု သည်ကားမှန်မှန်ကန်ကန် နေထိုင်၊
ပြောဆို ၊ကျင့်ကြံသူတိုင်းအတွက် အမုန်းများပြီး၊ ရန်သူများသည်ဆို
သည် အချက်ပင်တည်း ...
ဟုတ်မဟုတ်သေချာ အောင် ၊အောက်ဖော်ပြပါ မေးခွန်းများကို ဖြေကြည့် ကြပါစို့
၁။ အစ္စလာမ် သာသာသည် မှန်ကန် သည့် ဘာသာ ဟုတ်၊မဟုတ်???
ဟုတ်ပါက ကမ္ဘာပေါ်၌ လက်ခံသူအရေအတွက် တကမ္ဘာလုံးနှင့်ယှဉ်လျှင်အဘယ်ကြောင့်
နည်းရပါသနည်း???
၂။ ကျမ်းတော်မြတ် ကုရ်အာန် သည် မှန်ကန် သည့် ကျမ်းဂန် ဟုတ်၊မဟုတ်???
ဟုတ်ပါက ကမ္ဘာပေါ်၌ လက်ခံသူအရေအတွက် တကမ္ဘာလုံးနှင့်ယှဉ်လျှင်အဘယ်ကြောင့်
နည်းရပါသနည်း???
၃ ။ ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် မှန်ကန် သည့် နောက်ဆုံး နဘီ၊ရစူလ်(ဆွ)
ဟုတ်၊မဟုတ်???
ဟုတ်ပါက ကမ္ဘာပေါ်၌ လက်ခံသူအရေအတွက် တကမ္ဘာလုံးနှင့်ယှဉ်လျှင်အဘယ်ကြောင့်
နည်းရပါသနည်း???
၎ ။ ကိုယ်တော်အေမာမ်အလီ(အ.စ)သည် မှန်ကန် သည့်ကိုယ်တော်မြတ်၏ ကိုယ်စားလှယ်အစစ် ၊ခလီဖွာ
ဟုတ်၊မဟုတ်???
ဟုတ်ပါက ကမ္ဘာပေါ်၌ လက်ခံသူအရေအတွက် တကမ္ဘာလုံးနှင့်ယှဉ်လျှင်အဘယ်ကြောင့်
နည်းရပါသနည်း???
၅ ။ အဘယ်ကြောင့် အေမာမ်အလီ (အ.စ)အား ပြဿနာ လုပ်သူ ၊ ကိုယ်တော် ၏ ခေလာဖတ်အချိန်ရောက်မှ
ဂျမလ်စစ်ပွဲ ၊စစ်ဖီး(န) စစ်ပွဲ ၊ နဟ်ရဝန်စစ်ပွဲ များဖြစ်ရပါသနည်းဟု ဆိုခဲ့ပါသနည်း?
၆။ကိုယ်တော်အေမာမ်အလီ(အ.စ)သည် မှန်ကန် သည့်ကိုယ်တော်မြတ်(ဆွ)၏
ကိုယ်စားလှယ်အစစ် ၊ခလီဖွာ ဟုတ်၊မဟုတ်?
ဟုတ်ပါက၊မိုအာဝေယာသည်မင်ဗရ်ပေါင်း၇သောင်းကျော်ကနေစစ်မှန်တဲ့သာဝကကြီး၊
တမန်တော်မြတ်ကြီး(ဆွ)၏ညီတော်ဝမ်းကွဲ၊သားမက်တော်၊ခလီဖွာအစစ်မောင်လာအလီ(အ.စ)
ကိုဆဲရေးတိုင်ထွာခဲ့ရပါသနည်း ?
ဤအကြောင်းကိုအာလင်မ်ကြီးနှစ်ပါးဖြစ်တဲ့ဇမခ်ရှရီးနှင့်စူယူသီတို့မှတင်ပြထားမှာ-
ဗနီအိုမိုင်ယာအနေဖြင့်မိမိတို့အာဏာပိုင်ကာလအတွင်းမင်ဘဲရ် ပေါင်း(၇)သောင်းကျော