၂၉ ဩဂုတ် ၂၀၂၆ - ၂၃:၅၇
ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်ထားပြီး ဆက်သွယ်ညှိနှိုင်းမှုမရှိဘဲ သင်္ဘောများ ဖြတ်သန်း ခွင့်မပြု /အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်

အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်၏ ရေတပ်က ဟော်မုဇ်ရေလက်ကြားသည် အီရန်၏ စောင့်ကြည့် ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်းနှင့် အမေရိကန်ဘက်က ၎င်း၏ တာဝန်များကို ပြည့်စုံစွာ ထမ်းဆောင်ခြင်း မရှိသေးသရွေ့ အီရန်နှင့် ဆက်သွယ်ညှိနှိုင်းမှုမရှိဘဲ ဖြတ်သန်းသွားလာသည့် သင်္ဘောများအတွက် အဆိုပါ ရေလမ်းကြောင်းကို ပိတ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်၏ ရေတပ်က ဟော်မုဇ် ရေလက်ကြားအပေါ် အပြည့်အဝနှင့် အဆုံးအဖြတ်ပေးနိုင်သည့် ထိန်းချုပ်မှု ရရှိထားကြောင်း ကြေညာခဲ့သည်။ အီရန်နှင့် ဆက်သွယ်ခြင်း၊ ညှိနှိုင်းခြင်း မပြုဘဲ အဆိုပါ ရေလမ်းကြောင်းမှ ဖြတ်သန်းသွားလာသည့် မည်သည့် သင်္ဘောကိုမဆို ခွင့်ပြုမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်၏ ရေတပ်က ထုတ်ပြန်ချက်တွင် အမေရိကန်၏ ပြောဆိုချက်များကို ပယ်ချခဲ့ပြီး ဟော်မုဇ်ရေလက်ကြား ဖွင့်လှစ်ထားသည်ဟု အမေရိကန်ဘက်က ပြောဆိုမှုများမှာ မမှန်မကန်သော သတင်းများအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း ဆိုပါတယ်။ ထိုသို့ ပြောဆိုခြင်း၏ ရည်ရွယ်ချက်မှာ ရေနံ ဈေးနှုန်း များကို ထိန်းချုပ်ရန်နှင့် မိမိတို့၏ မအောင်မြင်မှုများကို ဖုံးကွယ်ရန် ဖြစ်ကြောင်းလည်း ဆိုပါတယ်။

ထုတ်ပြန်ချက်တွင် ဟော်မုဇ်ရေလက်ကြားသည် အစ္စလာမ့်သမ္မတနိုင်ငံ အီရန်နှင့် ဆက်သွယ်မှုမရှိဘဲ ဖြတ်သန်းသွား လာသည့် သင်္ဘောအားလုံးအတွက် လုံးဝပိတ်ထားကြောင်း ဖော်ပြထားပါတယ်။ ထိုအခြေ အနေ သည် အမေရိကန်ဘက်မှ အီရန်အပေါ် ဆောင်ရွက်နေသည့် လုပ်ရပ်များနှင့် “အကြမ်းဖက် အမေရိကန် စစ်တပ်” ၏ စစ်ဆင်ရေးများ ရပ်တန့်ပြီး အမေရိကန်က ၎င်း၏ တာဝန်များကို ပြည့်စုံစွာ ထမ်းဆောင်သည့်အချိန်အထိ ဆက်လက်တည်ရှိမည်ဟု ဆိုပါတယ်။

အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်၏ ရေတပ်က အီရန်ပြည်သူများအား အာမခံပြောကြားရာတွင် ဤအရေး ပါသော မဟာဗျူဟာမြောက် ရေလမ်းကြောင်းသည် အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်၏ တပ်ဖွဲ့များက အပြည့် အဝ၊ ခိုင်မာစွာနှင့် ထိရောက်စွာ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha