၂၉ ဩဂုတ် ၂၀၂၆ - ၂၃:၅၉
အီရန်အစိုးရက တော်လှန်ရေးခေါင်းဆောင်၏ ညွှန်ကြားချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန် သန္နိ ဋ္ဌာန်ချ

ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ၏ အစိုးရအဖွဲ့က အဓိက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆုံးဖြတ်ချက်ကြီးများတွင် အမျိုးသားစည်းလုံးညီညွတ်ရေးကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး သံတမန်ရေးနှင့် ကာကွယ်ရေးကို နိုင်ငံ၏ အကျိုးစီးပွားများ ကာကွယ်ရန်အတွက် အပြန်အလှန် ဖြည့်စွက်ပေး သည့် မဏ္ဍိုင်နှစ်ရပ်အဖြစ် သတ်မှတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်အစိုးရက အစ္စလာမ့်တော်လှန်ရေးခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ ညွှန်ကြားချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန် သန္နိဋ္ဌာန်ပြုကြောင်း ဖော်ပြခဲ့ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းရန်၊ ပြည်သူဗဟိုပြု စီးပွားရေးကို တိုးတက်ကောင်းမွန်စေရန်နှင့် သံတမန်ရေး၊ ကာကွယ်ရေးကဏ္ဍများကို ပိုမိုခိုင်မာစေရန် ဆောင်ရွက်မည်ဟု ကြေညာခဲ့ပါတယ်။

အသေးစိတ်အားဖြင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ၏ အစိုးရအဖွဲ့က စနေနေ့တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အစိုးရအနေဖြင့် အဓိက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆုံးဖြတ်ချက်အားလုံးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာ အချက်များ ကို ထည့်သွင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လူမှုအသိုင်းအဝိုင်းအတွင်း ကွဲပြား မှုများ ဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်မည်ဟု ဆိုပါတယ်။

အစ္စလာမ့်တော်လှန်ရေးခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ထံ ပေးပို့သည့် ထုတ်ပြန်ချက်တွင် အစိုးရအဖွဲ့က “အစိုးရအပတ်” အခါသမယတွင် တော်လှန်ရေးခေါင်းဆောင်၏ မျှော်လင့်ချက်ပေးသော သတင်းစကားကို နိုင်ငံအတွက် ဝန်ဆောင်မှုပေးနေသူများအတွက် အားတက်စရာအဖြစ် မှတ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

ထုတ်ပြန်ချက်တွင် အစိုးရက အာဇာနည်သမ္မတများဖြစ်ကြသည့် မိုဟမ္မဒ် အလီ ရာဂျာအီ နှင့် သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ ၊  ဝန်ကြီးချုပ်ဟောင်းမိုဟမ္မဒ်  ဂျဝါဒ် ဘဟိုနရ် နှင့် အခြား အစိုးရအဖွဲ့မှ အာဇာနည်များအား ဂုဏ်ပြုအောက်မေ့ခဲ့ပြီး အစ္စလာမ့်တော်လှန်ရေးကို တည်ထောင်သူနှင့် လက်ရှိ တော်လှန်ရေးခေါင်းဆောင်တို့၏ လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းရန် သန္နိဋ္ဌာန်ကို ထပ်မံ အတည်ပြုခဲ့ ပါတယ်။

အီရန်အစိုးရအဖွဲ့က နိုင်ငံ၏ ရှုပ်ထွေးသော စီးပွားရေးပြဿနာများကို ဖြေရှင်းရန်၊ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်  ရန်၊ ဈေးကွက်စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်၊ ရင်းနှီး မြှုပ်နှံမှု များကို အမျိုးသားထုတ်လုပ်မှုဘက်သို့ လွှဲပြောင်းရန်နှင့် အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားမှုကို တဖြည်းဖြည်း လျှော့ချရန်အတွက် ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပါတယ်။

ထုတ်ပြန်ချက်တွင် အစိုးရက “ခုခံတော်လှန်ရေးစီးပွားရေး” မူဝါဒများကို ဆက်လက်အကောင်အထည်ဖော်ပြီး နိုင်ငံတွင်းရှိ စွမ်းရည်များကို အသုံးချကာ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းသွားမည်ဟု ဖော်ပြထားပါတယ်။

တော်လှန်ရေးခေါင်းဆောင်က လူမှုစည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်သည့် လုပ်ရပ်များကို ရှောင်ရှားရန် ရှင်းလင်းစွာ ညွှန်ကြားထားသည့်အတိုင်း အစိုးရအနေဖြင့် အဓိက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆုံးဖြတ်ချက်ကြီးများအားလုံးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာ အချက်များကို ထည့်သွင်းသွားမည်ဟု ဆိုပါတယ်။

ထုတ်ပြန်ချက်တွင် လူ့အဖွဲ့အစည်းအတွင်း မမှန်ကန်သော ကွဲပြားမှုများကို ဖြစ်ပေါ်စေနိုင်သည့် အယူအဆများနှင့် စိတ်ပျက်အားငယ်မှုများကို ပျံ့နှံ့စေသည့် ပြောဆိုချက်များကို ရှောင်ရှားရန်မှာ အစိုးရ၏ မဖြစ်မနေ ထမ်းဆောင်ရမည့် တာဝန်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အစိုးရအဖွဲ့က နည်းပညာ၊ ပညာရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် သန္နိဋ္ဌာန်ပြုထားကြောင်း ပြောကြားခဲ့သည်။ ထိုသို့ ဆောင်ရွက် ခြင်းဖြင့် အီရန်နိုင်ငံသည် သိပ္ပံပညာနယ်ပယ်တွင် ပိုမိုတိုးတက်လာစေရန်နှင့် “အစ္စလာမ့်တော်လှန်ရေး၏ ဒုတိယ အဆင့်” ကြေညာချက်ပါ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် ဖြစ်ပါတယ်။

နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ အစိုးရက အီရန်၏ သံတမန်ရေးသည် ဂုဏ်သိက္ခာ၊ ဉာဏ်ပညာနှင့် အကျိုး စီးပွားကို အခြေခံသည့် မူများအပေါ် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်နှင့် အစ္စရေး ဘက်မှ ဖိအားပေးမှုများ၊ ပိတ်ဆို့အရေးယူမှုများနှင့် ပူးပေါင်းကြံစည်မှုများကို ရင်ဆိုင်ရာတွင်လည်း ခုခံမှုကို ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုပါတယ်။

ထုတ်ပြန်ချက်တွင် သံတမန်ရေးနှင့် ကာကွယ်ရေးကဏ္ဍတို့သည် အမျိုးသားအကျိုးစီးပွား၊ လုံခြုံရေးနှင့် နိုင်ငံ၏ နယ်မြေပိုင်နက်အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် အပြန်အလှန်ချိတ်ဆက်ထားပြီး တစ်ခုနှင့်တစ်ခု ဖြည့်စွက်ပေးသည့်၊ ခွဲခြား၍မရသော မဏ္ဍိုင်နှစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အီရန်အစိုးရအဖွဲ့က မိမိတို့၏ စွမ်းဆောင်နိုင်မှုအားလုံးကို အသုံးချ၍ ပိုမိုခိုင်မာတောင့်တင်းသော အီရန်နိုင်ငံတော် ကို တည်ဆောက်ရန်နှင့် အီရန်ပြည်သူများကို ဝန်ဆောင်မှုပေးရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု သန္နိဋ္ဌာန် ပြုကြောင်း ဖော်ပြခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha