၂၆ စက်တင်ဘာ ၂၀၁၂ - ၂၀:၃၀

ကျွန်တော်တို့အနေဖြင့်ရှစ်ပါးမြောက်အေမာမ်မအ်စူမ်အေမာမ်ရေဇာ(အ.စ) ၏မြင့်မြတ်သည့်မွေးနေ့ အချိန်အခါတွင်အေမာမ်၏ဇေယာရတ်အကြောင်းလေး ကိုအစ္စလာမ်လက်ဆောင်မွန်အနေဖြင့်တင်ဆက်လိုက်ရပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ အေမာမ်ရေဇာ(အ.စ) မြင့်မြတ်လှသည့် ရောင်ဇာတော်၏ ဇေယာရတ်နှင့်ပတ်သက်ပြီး နှစ်ဘဝသခင် ကျေးဇူးတော်ရှင် ဟဇရတ်မိုဟမ္မဒ်(ဆွ)နှင့်အဟ်လေ့ဘိုက်(အ.စ)တို့၏ရေဝါယတ်တော်များ၊တိုက်တွန်း ချက်များ ရှီအာအေမာမ်မီယာ တို့၏ စိတ်ချရသည့် ကျမ်းများတွင်လာရှိပေသည်။ယုတ်စွ စွန္နီညီနောင်များ ၏ ကျမ်းများတွင်လည်း လာရှိပေသည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် စွန္နီကျမ်းလာ ဇေယာရတ် အေမာမ်ရေဇာ (အ.စ) ဆိုင်ရာ ရေဝါယတ်တော်များကို ဖုံးကွယ်ထားကြလေ သည်။အကုန်ပြောရလျှင် ခေတ်သစ် စွန္နီ အာလင်မ် များပင်မသိကြချေ။ကျွန်တော် စာရေးသူအနေဖြင့် စွန္နီကျမ်းလာဇေယာရတ် အေမာမ်ရေဇာ (အ.စ) တမန်တော်မြတ် ကြီး (ဆွ) ၏ ရေဝါယတ်တော်များတချို့ ကို တင်ပြပါမည်။ တင်ပြရတွင် ကျမ်းအမည်များကို မူရင်းအတိုင်း ရေးသားဖော်ပြလိုက်ရပါသည်။တဆက်တည်းမှာပင်ဤအကြောင်းအရာနှင့်စပ်လျဉ်းပြီးအခန်းကဏ္ဍတစ်ခုအဖြင့်ပြည်ထောင်စုအစ္စ လာမ်မစ်အီရန်  နိုင်ငံ၏ အမည်ရ ရှီအာအေမာမ်မီယာ ဟွဂ်ျဂျသွလ်အစ္စလာမ် မိုဟမ္မဒ် မိုအ်စင်သွဗ်စီ အနေဖြင့်လည်း ဖွာရစီဘာသာဖြင့်ရေးသားထား သည့် အဖိုးတန်ကျမ်း ((အေမာမ်ရေဇာ (အ.စ) ဗေ ရေဝါယတ်အဟ်လေစွန္နတ်))တွင်လည်းလေ့လာနိုင်ပေသည်။မာရှာအလ္လာဟ်အူရ်သူဘာသာဖြင့်လည်း ဘာသာပြန် ထုတ်ဝေ ဖြန့်ချီပြီးဖြစ်ပေသည်။ယခုကျွန်တော်တို့အနေဖြင့် ဇေယာရတ် အေမာမ်ရေဇာ (အ.စ) တမန်တော်မြတ် ကြီး (ဆွ) ၏ အမြင် အား သာသနာ့ညီနောင်အဟ်လေ့စွန္နတ်များ၏ဆရာသခင်ကြီးများရေးသားထားသည့်ကျမ်းဂန်များတွင် လေ့လာကြပါစို့ ။ဟာကင်မ်မေ နိုင်ရှာပူရီ အနေဖြင့် မိမိ၏ အထောက်အထား နှင့်တကွ အေမာမ်ရေဇာ (အ.စ) ဆီမှ ဆင့်ပြန်တော်မူသည်မှာ -  (( အေမာမ်ရေဇာ (အ.စ) ထံတော်မှ ရီဝါယတ်တော်လာရှိပါသည်။မဟာတမန်တော်မြတ်ကြီး (ဆွ) မှ မိန့်တော်မူပါသည် ။ များမကြာမှီ ကျွန်ုပ်၏ ခန္ဓာကိုယ်မှ အစိတ် အပိုင်း တစ်ခု သည်  ခိုရာစာန် မြေပေါ်တွင် ဒဖာနာခြင်း (မြုပ်နှံခြင်း) ခံရပေမည် ။ အကြင်မည်သူ မဆို ဒုက္ခအခက်အခဲများနှင့် ရင်ဆိုင်နေချိန် တွင် ၎င်းအား ဇေယာရတ်ပြုမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ဇေယာရတ်ပြုသူ၏ ဒုက္ခအခက်အခဲများကို ဖြေရှင်းပေးတော်မူမည်။ဂိုနာဂါ(အပြစ်ရှိသူ) မည်သူမဆို ၎င်း၏ ဇေယာရတ်ပြုမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ဇေယာရတ်ပြုသူ ဂိုနာဂါ(အပြစ်ရှိသူ)၏ အပြစ်ဒုစရိုက်များကို ခွင့်လွတ်ပါးလပ်တော် မူပေမည်။ကျမ်းကိုး - -  جوینی شافعی : فرائد السمطین فی فضائل المرتضی والبتول والسبطین و الآئمه من  ذریتهم  ؛ ج 2  ، ص 190، ح 467 بنقل از تاریخ نیشاپور  ، حاکم نیشاپوری شافعی -  قندوزی حنفی : نیابیع المودة لذوی القربی ، ج 2 ، ص 341  ဟာကင်မ်မေ နိုင်ရှာပူရ ရှာဖေအီအ နေဖြင့် မိမိ၏ အထောက်အထား နှင့်တကွ အေမာမ် ဂျအ်ဖရ် ဆွာဒစ် (အ.စ) ဆီမှ ဆင့်ပြန်တော်မူသည်မှာ - (( အေမာမ် (အ.စ) အနေဖြင့် မိမိ၏ဘိုးဘေးအေမာမ်များ(အ.စ) မှတဆင့် ၎င်းတို့မှ အမီရွလ်မိုမေနီ မောင်လာအလီ(အ.စ) တဆင့် ၊ အမီရွလ်မိုမေနီ မောင်လာအလီ(အ.စ) မှ တမန်တော်မြတ်ကြီး (ဆွ) ထံမှ တဆင့် ရီဝါယတ်တော်ကို တင်ပြသည်မှာ - တမန်တော်မြတ်ကြီး (ဆွ) မှ မိန့်ကြားတော်မူ သည်မှာ - များမကြာမှီ ကျွန်ုပ်၏ ခန္ဓာကိုယ်မှ အစိတ် အပိုင်း တစ်ခု သည်  ခိုရာစာန် မြေပေါ်တွင် ဒဖာနာခြင်း (မြုပ်နှံခြင်း) ခံရပေမည် ။ အကြင်မိုမင် မည်သူမဆို ၎င်း၏ ဇေယာရတ်ပြုမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ဇေယာရတ်ပြုသူ အတွက် ဂျန္နတ်သုခဘုံ အား ဝါဂျစ်ဗ် အဖြင့် သတ်မှတ်ပေး သနားတော်မူမည်။ထိုဇေယာရတ်ပြုသူ၏ခန္ဓာကိုယ်အပေါ်ဂျဟန္နမ်ငရဲမီးအားဟရမ်ပြုထားပေးတော်မူ ပေမည်။ ))ကျမ်းကိုး --  جوینی شافعی : فرائد السمطین فی فضائل المرتضی والبتول والسبطین و الآئمه من  ذریتهم  ؛ ج 2  ، ص 188، ح 464    بنقل از تاریخ نیشاپور  ، حاکم نیشاپوری شافعی ဂျာနပေ အာအေရှာ အနေဖြင့် တမန်တော်မြတ်ကြီး (ဆွ) ထံတော်မှ တဆင့် ရီဝါယတ်တော်တင်ပြ ပါသည်။မဟာတမန်တော်မြတ်ကြီး (ဆွ) မှ မိန့်တော်မူသည်မှာ -((အကြင်မည်သူ မဆို သူးစ်မြို့ တွင် ကျွန်ုပ်၏ သားတော်အား ဇေယာရတ်  ပြုမည်ဆိုလျှင် ၎င်း အနေဖြင့် ဟဂ်ျ တစ်ကြိမ် ပြုခြင်း ဖြစ်ပေသည်။ ဂျာနပေ အာအေရှာ အနေဖြင့် မေးမြန်းသည်မှာ -ဟဂ်ျ တစ်ကြိမ် လား ? တမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် အဖြေမိန့်လေသည်၊ ဟဂ်ျ နှစ်ကြိမ် ၊ ဂျာနပေ အာအေရှာ အနေဖြင့် ထပ် မေးမြန်းသည်မှာ - ဟဂ်ျ နှစ်ကြိမ်လား ? တမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် ထပ်ပြီး အဖြေမိန့်လေသည်၊ ဟဂ်ျ သုံးကြိမ် ၊ ဂျာနပေ အာအေရှာ အနေဖြင့် အသံ တိတ် သွားလေ၏။ တမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် မိန့်တော်မူသည်မှာ - အကယ်၍ အသံမတိတ် သေးမည် ဆိုလျှင် ကျွန်ုပ်တို့အနေဖြင့်  ဟဂ်ျ အကြိမ်ပေါင်း ၇၀ အထိ တင်ပြပေးမည်ဖြစ် ပေသည်။ ))ကျမ်းကိုး --  قندوزی حنفی : نیابیع المودة لذوی القربی ، ج 2 ، ص 341