အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ လှလှ ၊ ပပ ဘဝ နိဂုံးချုပ် ကြပါ စို့ (1)လူသားတိုင်း တနေ့ မဟုတ် တနေ့ သေခြင်းတရား နှင့် မလွဲ မသွေ ရင်ဆိုင်ကြရမည် ဖြစ်ပေသည်။ ဤ အတွက် ကြောင့် သေခြင်းတရား နှင့် ပတ်သက်ပြီး ကျမ်းတော်မြတ် ကုရ်အာန် ၊ ဟဒီးစ် စေ ရစူလ်လေ ခိုဒါ (ဆွ) ၊ အဟ်လေ့ဘိုက် (အ.စ) နှင့် အကျော်အမော် ရှီအာအေမာမ်မီယာ သုခမိန်ကြီးများ ရေးသားထားသည့် ကျမ်းဂန်များ ၊ ဟောပြောချက်များ ဖြင့် မီးမှောင်းထိုး လေ့လာ ကြပါစို့ ။ဤအတွက်ကြောင့် ကျွန်တော်အနေဖြင့် ဟွဂ်ျဂျသွလ် အစ္စလာမ် အာဂါယေ မိုဟမ္မဒ် ဂျဝါဒ် ရှအ်ဗန်နီ မိုဖ်ရဒ် ဖွာရစီ ဘာသာဖြင့် ရေးသား သီးကုံးထားသည့် ((ဇီးဗါယီ ယေ မရ်ဂ် ဒဲရ် ကလမ်မေ အာရေဖန် )) အတွဲ (၁) အား အဓိက မှီးငြမ်း ဘာသာပြန် တင်ပြ အပ်ပါသည်။အသင် သည် မရဏ သေခြင်းတရား ကို မြည်းစမ်းရပေမည်ကျမ်းတော်မြတ် ကုရ်အာန် ၏ စူရဟ် (၄) အာယတ်တော် အမှတ် ၇၄ အရ မည်သည့် နေရာတွင် ဖြစ်စေ ၊မည်မျှပင် ခိုင်ခံ့သည့် ခံတပ်များတွင် ဖြစ်စေ မရဏ သေခြင်းတရား မှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း လေ့လာ မှတ်သားရပါသည်။တမလွန် အတွက် အသင့်ရှိပါလေအေမာမ်ခိုမေနီ(ရ.ဟ) အနေဖြင့် အသက် ထွက်ခါနီးအချိန် နှင့်ပတ်သက်ပြီး ဆိုဆုံးမသည်မှာ -((တမလွန် အတွက် အသင့်ရှိပါလေ ၊မသွားခင်အလျှင် ရိတ်ခများ ( ကောင်းမှု ကုသိုလ်များ ) ကိုစုဆောင်းထားပါလေ ။ ))ကြည့် - کفایت الأثر فی النص علی الأئمه الاثنی عشر ، ص 227ဤအကြောင်း (ဗေဟာရ် ကျမ်း အတွဲ ၄၄ ၊စာမျက် နှာ ၁၃၉ ) တွင်လည်း လေ့လာ မှတ် သား နိုင်ပါသည်။လောကကြီးမှ သွားရဖို့ အလွန်တရာ နီးကပ်နေပေပြီဟဇရတ် အာယာသွလ်လ္လာဟ် အလ်အွဇ်မာ ဗဟ်ဂျတ် (ရ.ဟ) မိန့်တော်မူသည်။(( ကျွန်ုပ်တို့ လောကကြီးမှ သွားရဖို့ အလွန်တရာ နီးကပ်နေပေပြီး ၊ သို့သော် ကျွန်ုပ်တို့အနေဖြင့် ၎င်းအရာ (မရဏ) အား အလွန်တရာ ဝေးနေသေးသည့် ဟုမြင်ကြပေ သည်။ဤသို့မဟုတ်ပါက ဤမျှ ပြဿနာတက်ဖို့ ရန်ဖြစ်ဖို့ ပြုကြမည် မဟုတ်ချေ။ နှစ်ဖက် အပြန်အလှန် (သို့) တဖက်တည်း မှ ပြဿနာတက်ခြင်း ရန်ဖြစ်ခြင်း သည် မိမိ ကိုယ်ကို မရဏသေခြင်း နှင့် ဝေးနေသေးသည် ဟု မြင်နေသည့် အတွက်ကြောင့်ပင် ဖြစ်ပါသည်။ ))ကြည့် - در محضر بهجت ره ، ج 2 ، نکته 314 အင်ရှာအလ္လာဟ်ဆက်ရန်ဂိုလမ်မေ ဟဇရတ်သေ မာစူမေ (စ.အ)ရှိက်ခ်ဂျမားလ် (ကွမ်း)