အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာ ။ ။တရုတ်နိုင်ငံ အရှေ့တောင်ဘက် ဖူကျန်းခရိုင်၏ မြို့တော် ဖူဇိုတွင် ကမ္ဘာ့ ပထမဦးဆုံး နိုင်ငံတကာ ရွှေငါးပြိုင်ပွဲ စတင် ကျင်းပရန် စီစဉ်လျက် ရှိသည်။  ထိုပြိုင်ပွဲကြီးသို့ ကမ္ဘာအရပ်ရပ်မှ ရွှေငါး အလှမွေးသူများ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ရွှေငါး ၃၀၀၀ ကျော် ပါဝင်မည် ဖြစ်ကာ ပြိုင်ပွဲကဏ္ဍ ၁၂ ခု ဖွင့်လှစ် ယှဉ်ပြိုင်စေမည် ဖြစ်သည်။

၎င်းတို့ထဲမှ အရှည်ဆုံး ရွှေငါးပြိုင်ပွဲ ကဏ္ဍတွင် ၁၄  ဒသမ ၂ လက်မ အလျားရှိသော Black Lion Head အမျိုးအစား ရွှေငါးမှာ ဆုရရန် ရေပန်းစားလျက်ရှိပြီး ကျန်ကျူးခရိုင်မှ အလေးချိန် ၃ ဒသမ ၃ ပေါင်ရှိသော Sulfur ရွှေငါးမှာ အကြီးဆုံး ရွှေငါးဆုရရန် ရေပန်းစားလျက် ရှိသည်။

 

ပြိုင်ပွဲဝင် ရွှေငါးများကို သင့်လျော်သည့် အပူချိန်နှင့် ရေသန့်စင်မှုနှုန်း pH Level တို့ကို ချိန်ညှိပေးထားမည့် ဇလုံများထဲတွင် တန်းစီထည့်ကာ အကဲဖြတ်ဒိုင်များက လှည့်လည်စိစစ် ရွေးချယ်သွားမည် ဖြစ်သည်။