အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ ရတနာ သဘာဝ ဓာတ်ငွေ့စီမံကိန်း တွင် အဓိက ဦးဆောင် လုပ်ကိုင်နေ သည့် ပြင်သစ် စွမ်းအင် ကုမ္ပဏီ TOTAL က လာမည့် ၂၀၁၃ ခုနှစ်၌ မြန်မာနိုင်ငံ၏ ပုဂ္ဂလိက စက်သုံးဆီဆိုင်နှင့် ချောဆီများ ထုတ်လုပ်ရောင်းချရေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် လာရောက်လေ့လာ မည်ဟု Total E&P Myanmar မှ ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေး မန်နေဂျာဒေါ်ခိုင်မာထွန်းကThe Voice Weekly သို့ပြောကြားသည်။
ကမ်းလွန်သဘာဝဓာတ်ငွေ့ကို အဓိကလုပ်ကိုင်လျက်ရှိသည့် TOTAL နိုင်ငံတကာကုမ္ပဏီသည် ယခုနှစ်နှောင်း ပိုင်းက မုတ္တမကမ်းလွန်ရေနံ စီမံကိန်း၌ ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီ၏ M-11 လုပ်ကွက်တွင် ၄၀ ရာခိုင်နှုန်း ပါဝင်ခဲ့ ကြောင်း၊ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံရန် လေ့လာမှုသည် ရေနံကဏ္ဍတွင် ထပ်မံ မြှုပ်နှံခြင်းဖြစ်ကြောင်း ၄င်းက ထပ် လောင်းပြောဆိုသည်။ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်း တွင် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇၈၀ ထွက်ရှိပြီး ထိုင်းနိုင်ငံ သို့ ကုဗပေသန်း ၆၀ဝ နီးပါးခန့် ပြန် လည်တင်ပို့ကြောင်း၊ ပြည်တွင်း၌ အသုံး ပြုသည့် ပမာဏစုစုပေါင်းသည် ကုဗပေ သန်း ၁၈၀ ရှိကြောင်း TOTAL ကုမ္ပဏီ က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍသည် နိုင်ငံတကာက ထိပ်တန်းကုမ္ပဏီများ ဝင်ရောက်လာနိုင် သည့်အတွက် မြန်မာနိုင်ငံ၏ စွမ်းအင် ကဏ္ဍတွင် ကောင်းမွန်သည့်ပြောင်းလဲမှု မျိုး ဖြစ်လာနိုင်ကြောင်း ဒေါ်ခိုင်မာထွန်း က ပြောကြားသည်။
ပြည်တွင်း၌ ထွက်ရှိသည့် ရေနံ ထုတ်လုပ်မှုပမာဏသည် လမ်းပန်း ဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ပြောင်းလဲလာပါက လေးဆမှ ငါးဆ အထိ ပိုမိုလိုအပ်လာနိုင်ကြောင်း ပြည် တွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ တူး ဖော်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ရတနာနှင့် ရဲတံခွန်စီမံကိန်းတို့ တွင် ၂၀ဝ၆-၂၀ဝ၇ ခုနှစ်၌ ဒေါ်လာ ၂ ဒသမ ၁၇၄ ဘီလီယံနီးပါး၊ ၂၀ဝ၇- ၂၀ဝ၈ ခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၄၄၈ နီးပါးသို့ တိုးချဲ့ခဲ့ပြီး ၂၀၁၁- ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၆၁၁ ဘီလီယံခန့် တိုးချဲ့ခဲ့ကြောင်း စွမ်းအင် ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။