သောင်ဗာလုပ်ဖို့ အချိန် ကြာခြင်း
ရှိုင်တွာန် ၏လှည့်စားမှု ၊ကောက်ကျစ်မှု၊စဉ်းလဲမှု၊ပရိယာယ်များမှတစ်ခုမှာ
မကောင်းမှုစိတ်အလို လိုက်သူများ၏နားတွင် ချိုသာပျော့ပြောင်းစွာဖြင့် (( ဒီနေ့ဂိုနာလုပ်လိုက် ၊မနက်ဖန် မှ သောင်ဗာလုပ် )) လို့ပြောလေသည်။ မည်သည့် အသိဥာဏ်ဦးနှောက် ရှိသူ မဆို လူကို မလွဲမသွေသေနိုင်သည့် အဆိပ်ခွက်အား သိလျက် နောက်မှ ဖြေဆေးသောက် ပြီး ဖြေလိုက်မည်ဟုဆိုကာ သောက်မည်မဟုတ်ချေ။ အကြောင်းမှာ မနက်ဖန် ရှင်မည်လော ၊သေမည်လော အလ္လာဟ်ဟို အရှင်မြတ်မှ လွဲပြီးမည်သူမျှ မသိချေ။
ဤအတွက်ကြောင့်လူသားအား သောင်ဗာလုပ်ဖို့အချိန်ရမှာ သေချာပါ သလော ?
အကယ်၍ မတော်တဆဘေးအန္တရာယ် တစ်ခုခုကြောင့်တစက္ကန့်မျှ သောင်ဗာပြုဖို့အချိန်မရဘဲ လောကကြီးစွန့်ခွာ သွားရလျှင် မည် သို့လုပ်မည်နည်း ?
ဤအတွက်ကြောင့် မောင်လာ အလီ(အ.စ) အနေဖြင့် မိန့်တော်မူ
သည်မှာ غرور الشّیطان یسوّ ل یطمع
အဓိပ္ပါယ် ။ ။ ရှိုင်တွာန် ၏ပရိယာယ် ၊လှည့်စားမှု ၊ကောက်ကျစ်မှု ၊စဉ်းလဲမှုသည်မနုဿလူသားအားလမ်းလွဲလမ်းမှား နှင့် လောဘရမက် အတွင်းကျရောက်စေပါသည်။
ရှိုင်တွာန်(လ.န)သည်အလ္လာဟ်ဟိုအရှင်၏ဗရ်ဂါတော်မှ မောင်းထုတ်ခဲ့ ရပြီး ကျိန်းပြောသည်ကား - (( အသင်၏ အေဇက်သ် နှင့်ဂျလာလ်၏ ကစမ် ၊ကျွန်ုပ်သည် မနုဿလူသား၏ နှလုံးသားမှ အပြင်ထွက်မည် မဟုတ်ချေ။
လူသားကို လမ်းမှားလမ်းလွဲရောက်အောင်လုပ်သည့်နေရာတွင် လျှက်တပြက်မျှပင် အမေ့ခံမည်မဟုတ်ချေ။
လူသားအားအသက်ရှင်နေသမျှ ကာလပတ်လုံး ဂိုနာ(အပြစ်) ကျူးလွန်းဖို့ ဖိတ်ခေါ်၊မြူစွယ်နေမည် ဖြစ်ပါသည်။)) အလ္လာဟ်ဟိုအရှင်အနေဖြင့်လည်း ရှိုင်တွာန် (လ.န) အား အဖြေပေးတော်မူလေ၏။ ((ကျွန်ုပ်၏အေဇက်သ်၏ကစမ်ငါကိုယ်တော်လည်းပဲမနုဿလူသားအ တွက်သောင်ဗာတံခါးကိုပိတ် တော်မူမည်မဟုတ်ချေ။မည်သည်အရာမှ ၎င်းသောင်ဗာကိုတားဆီးနိုင်မည်မဟုတ်ချေ။လူသား၏သောင် ဗာကို
ငါကိုယ်တော်လက်ခံတော်မူမည်။ဤအတွက်ကြောင့်အလ္လာဟ်ဟိုအရှင်
မြတ်သခင်သည်မည်မျှပင်အသက်ရှင်နေပါစေလုံးဝသောင်ဗာပြုမည့်သူ မဟုတ်သူမှ အပ (သောင်ဗာမပြုဘဲ) ၎င်းအားလုံးဝ သေခိုင်းမည် မဟုတ်
ချေ။ ))
ကြည့် - အေရ်ရှာဒ် ကိုလိုဗ် အတွဲ ၁ ကျွန်တော်အနေဖြင့် … ဤပို့စ်အားဟွဂ်ျဂျသွလ်အစ္စလာမ်ဝလ်မွတ်စလင်မီးမိုအ်စင်ဂဖါရီ(အီရန်)
အနေဖြင့်ဖွာရစီဘာသာဖြင့် ရေးသားထားသည့်ကျမ်းငယ်((အီးဗ်လီးစ်နာ
မေ))အတွဲ၂နှင့်ဤစာအုပ်အားဖွာရစီမှအူရ်သူသို့ပြန်ဆို ထားသည့် ဟွဂ်ျဂျသွလ်အစ္စလာမ်ဝလ်မွတ်စလင်မီးဆရက်ဟစန်နှိုင်းရဇာဝီး(အိန္ဒိယ) ၏((အီးဗ်လီးစ်နာ မေ))အတွဲ၂၊မှ၂အုပ်စလုံးမှကောက်နှုတ်ပြန်ဆိုထားပါ သည်။
မိမိအနေဖြင့်ကြွားဝါးဖို့မဟုတ်ဘဲမိမိရေးထားသည့်ပို့စ်သည်အာမခံချက်ရှိ ကြောင်း၊စိတ်ချပြီးဖတ်စေလိုသည့်အတွက်ကြောင့်နှင့်မိမိစိတ်ချရသည့် ဘာသာရပ်ကိုအသုံးပြုထားကြောင်းကိုသိစေလိုသည့်အတွက်ကြောင့် ဖြစ်ပါသည်။