အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။။ တရုတ်ပြည်၊ ရှန်ဟဲ (ခေါ်) ရှန်ဟိုင်းမြို့မှ အသက် ၃၃ နှစ်ရှိ မစ္စတာ လျှံဂုံသည်

ကိုယ်အလေးချိန် ၄၆၀ ပိဿာ (တရုတ်အလေးချိန်) ရှိ လူဝကြီးဖြစ်ပါသည်။ ၄င်းသည် ခွဲစိတ်ကုသခြင်းမပြုမီက အိပ်ရာပေါ်တွင် တစ်ချိန်လုံးလဲလျောင်း အိပ် စက်နေရပြီး အသက်ဘေး အန္တရာယ် ရှိလှကြောင်း၊ ခွဲစိတ်ဆရာဝန်သည် ၄င်းအပေါ် စိုးရိမ်မကင်းသဖြင့် ခွဲစိတ် ကုသပြီး နေ့စဉ်အားက စားလေ့ကျင့် ခန်းများ ၁ နာရီခန့် ပြုလုပ်စေရာ တစ်လအတွင်း၌ ပိဿာ ၂၀ဝ (ပေါင်ချိန် ၂၂၀)ခန့် လျော့ နည်းကျ ဆင်းသွားခဲ့ပြီး ယခင် အခါက ၃၀ ကီလိုမီတာ ခရီးကိုပင် မလျှောက် နိုင်ဘဲ ပင်ပန်းနွမ်းနယ် မောဟိုက်သူမှာ ယခုအခါတွင်မူ ၆ လွှာကို မနားဘဲ တစ်ခါတည်းတက်နိုင်သည့်အပြင် ရေမိုးချိုးသည့်အခါ ဇနီး၏ အကူအညီ မလိုတော့ဘဲ ကိုယ့်ဘာသာကိုယ် လွတ်လွပ်လပ်လပ် သွားလာလှုပ်ရှား နိုင်သည်ဟုဆိုပါသည်။ ခန္ဓာကိုယ် အလေးချိန်လျော့နည်းကျဆင်းခဲ့ သဖြင့် အသက်ဘေးအန္တရာယ်မှ လွတ်မြောက်သွားခဲ့ရပေသည်။