အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။ ။အဗ်နာအီရန်သို့ အနုမြူထုတ်လုပ်ရေး စက်ယန္တရား ပို့သည်ဟု ယူဆရသော စပိန်ကုမ္ပဏီ ဖမ်းဆီးစပိန် အာဏာပိုင် များသည် တီဟီရန် ၏ အနုမြူ အစီအစဉ်တွင် အသုံးပြုနိုင် ကောင်းသော စက်ယန္တရား များကို အီရန် နိုင်ငံသို့ တင်ပို့ခဲ့သည်ဟု ယူဆရသော ကုမ္ပဏီတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ သည်။ ကုမ္ပဏီသည် တူရကီနိုင်ငံမှ တစ်ဆင့် အီရန်နိုင်ငံသို့ ထိုစွမ်းအင် ထုတ် လုပ်ရေး ယန္တရားများပေးပို့သည်ဟု ယူဆ ရကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ တဟီရန်ကမူ ယင်းသည် အနုမြူအစီအစဉ်မှာ စွမ်းအားထုတ်လုပ်ရန်သာ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသော် လည်း အနောက်နိုင်ငံအများစုက လက် နက်ထုတ်လုပ်ရန် ရည်ရွယ်သည်ဟု စိုးရိမ်ကြောင့်ကျမိသည်။အကောက်ခွန်အရာရှိများနှင့် ရဲများ သည် မက်ဒရစ်မြို့၏ မြောက်ဘက်မိုင် ၂၅၀အကွာအဝေးရှိ ဒူရန်ကိုမြို့တွင် တည် ရှိသော ကုမ္ပဏီမှ စာရွက်စာတမ်းများ သိမ်းဆည်းဖမ်းဆီးမှုပြုခဲ့သည်။စက်ယန္တရားများသည် ဒေါ်လာ ၁ ဒဿမ ၂၅ သန်းနီးပါးတန်ဖိုးရှိပြီး အစ္စတန်ဘူလ်မြို့ရှိ ကုမ္ပဏီတစ်ခုမှ တစ်ဆင့် အီရန်သို့ ရောက်ရှိသွားခဲ့ သည်ဟု အာဏာပိုင်များကယူဆသည်။ ဖမ်းဆီးခံရသူများကို မှောင်ခိုပုဒ်မဖြင့် အမှုဖွင့်ထားပြီး ထောင်ဒဏ်ခြောက် နှစ်နှင့် ဒဏ်ကြေးကျခံနိုင်သည့် အနေအထားရှိသည်။