အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကူဝိတ်နိုင်ငံ၏ ရာဇဝတ်မှုဆိုင်ရာ တရားရုံးသည် ရှီအဟ် ဘာသာရေးပညာရှင် အာယာသွလ္လာဟ် ရှိက်ခ် ဟိုစိုင်းန် အဗ်ဒိုလ္လာဟ် မုအ်သူက် နှင့် အခြားလူနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
အဆိုပါသတင်းအရ ကူဝိတ်နိုင်ငံ၏ ရာဇဝတ်မှုဆိုင်ရာ တရားရုံး၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အမှုများကို စစ်ဆေးသည့် တရားရုံးခွဲသည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံအတွက် သူလျှိုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် လူသုံးဦးကို သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။
သေဒဏ်ချမှတ်ခံရသူ သုံးဦးမှာ -
၁။ အာယာသွလ္လာဟ် ရှိက်ခ် ဟိုစိုင်းန် အဗ်ဒိုလ္လာဟ် မုအ်သူက် - ရှီအဟ် ဘာသာရေးပညာရှင်တစ်ဦးဖြစ်ပြီး မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အဆင့်မြင့်ကောင်စီဝင် ကူဝိတ်နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။
၂။ ဟစန် အဗ်ဒိုလ်ဟာဒီ ဟာဂျီယာ
၃။ အဗ်ဒိုလ် ရေဇာ ဟိုင်ဒဲရ် ဒေဟ်ဂါနီ တို့ ဖြစ်ပါတယ်။
၎င်းတို့သုံးဦးသည် အခြေအမြစ်မရှိသော စွပ်စွဲချက်များဖြင့် ကူဝိတ်နိုင်ငံ၏ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။
အာယာသွလ္လာဟ် ရှိက်ခ် ဟိုစိုင်းန် အဗ်ဒိုလ္လာဟ် မုအ်သူက် သည် ယခင်က ကူဝိတ်နိုင်ငံ၏ အစ္စလာမ်မစ်အမျိုးသားညွန့်ပေါင်းအဖွဲ့ (Islamic National Alliance) ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ထို့အပြင် လွန်ခဲ့သော လအနည်းငယ်ကလည်း ကူဝိတ်နိုင်ငံ၏ အမီရ် (နိုင်ငံ့အကြီးအကဲ) သည် အကြောင်းပြချက်မခိုင်လုံမှုများဖြင့် ၎င်း၏ ကူဝိတ်နိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment