အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။။အဗ်နာနိုင်ငံရေး-လူမှုရေး။။ရုရှားနိုင်ငံ၏သမ္မတဖြစ်သောဖူတင်းသည်မိမိ၏ တင်ပြချက်များထဲမှအလွန်အံ့ဩဖွယ်ရာကောင်းသောတင်ပြချက်တစ်ခု ကိုတင်ပြထားသည်မှာ-ရုရှားနိုင်ငံမှကျောင်းသူများကိုအစ္စလာမ်မစ်ပုဝါ (ဟေဂျာဘ်)ကိုမဝတ်ရန်တားမြစ်ထားသည်။အဘယ်ကြောင့်ဆိုသော် ရုရှားနိုင်ငံတွင်မိမိ၏အမိနိုင်ငံအတွက်ယဉ်ကျေးမှုများ၊ဥပဒေသများစွာ ရှိသည်။ထိုကြောင့်အခြားနိုင်ငံ၏ယဉ်ကျေးမှုများကိုသယ်ဆောင်လာရန် မလိုကြောင်းပြောကြားခဲ့သည်။အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော် မြတ်ကုရ်အာန်သတင်းဌာန-အီရန်၏အဖွဲ့ခွဲဖြစ်သောဥရောပအဖွဲ့အစည်းမှတင်ပြသည်မှာ-ဖူတင်းသည်မိမိ၏တင်ပြချက်များအနက်မှတစ်ခုကိုပြောကြားသည်မှာမွတ်စလင်ဆရာမများကိုလည်းရုရှားနိုင်ငံ၏ကျောင်းများတွင်ပုဝါမခြုံရန်တားမြစ်ခဲ့သည်။သို့သော်ထိုမွတ်စလင်ဆရာမများ၏အမည်ကိုမဖေါ်ပြခဲ့ပေ။ထိုနည်းတူစွာကာရာသူးဘ်မြို့အစ်သာဝရူဖူးရ်မြို့နယ်တောင်ဘက်ပိုင်းတွင်ရှိသောကျောင်းမှကျောင်းသူ(၅)ဦးကိုကျောင်းမှထုတ်ပယ်ခဲ့သည်။ထိုအချက်ကြောင့်ရုရှားနိုင်ငံရှိမွတ်စလမန်များသည်ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ထိုသူများပြောကြားသည်မှာအကယ်၍ပုဝါ(ဟေဂျာဘ်)သည်ရုရှားနိုင်ငံ၏ဥပဒေသများကိုချိုးဖေါက်နေသည်ဟုဆိုလျှင်အဘယ်ကြောင့်ပြီးခဲ့သောနှစ်ပေါင်းများစွာကမကြေငြာပဲယခုမှကြေငြာချက်ထုတ်ပြန်ရပါသနည်း?ထင်မြင်ချက်အရဤရုရှားနိုင်ငံ၏သမ္မတနှင့်ဆန့်ကျင်မှုသည်ပိုမို၍ကြီးမားလာလိမ့်မည်ဟုခန့်မှန်း၍ရနိုင်သည်။