အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နာဇ်ရူလ် အစ္စလာမ် နှင့် ဆီဒီက် အက်ခသရ် တို့နှင့်ပတ်သက်၍ ဆော်ဒီအာရေဗျနိုင်ငံတွင် သေဒဏ်ချမှတ်ပြီး အကောင်အထည်ဖော်ခဲ့သည်အတွက်ကြောင့် ဘင်္ဂလားဒေ့ရှ်မီဒီယာများနှင့် ပြည်သူများအကြား ဝေဖန်မေးခွန်းထုတ်မှုများ ရှိလာပါတယ်။သူတို့ရဲ့ ရုပ်အလောင်းတွေကိုလည်း သူတို့ရဲ့ဇာတိနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့ခဲ့တယ်လို့သိရပါတယ်။
အဆိုပါလင်မယားနှစ်ဦးသည် အသက် ၂၁ နှစ်မှ ၂၅ နှစ်ဝန်းကျင်ရှိပြီး ပျားရည်ဆမ်းခရီးအဖြစ် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ခဲ့ကြသူများဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်မီဒီယာများက ဖော်ပြထားပါတယ်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့သည် မက္ကဟ် မြို့ရှိ ဗလီတစ်ခုအတွင်း ဗီဒီယိုရိုက်ကူးနေစဉ် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ၏ မျက်နှာကို ဖုံးအုပ်ထားသော အဝတ်ကို လှန်တင်ပြီး နမ်းရှိုက်ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်ကို ပါကစ္စတန် နိုင်ငံသား တစ်ဦးက ဗီဒီယိုရိုက်ကူးကာ တိုင်ကြားခဲ့ကြောင်း သိရပါတယ်။
ထိုဖြစ်ရပ်ကြောင့် ၎င်းတို့ကို ဖမ်းဆီးခဲ့ပြီး ဗလီ၏ မြင့်မြတ်မှုကို ထိခိုက်စေသည့် အပြုအမူများ ပြုလုပ်ခဲ့သည်ဟု စွဲချက် တင်ခဲ့ကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်မှ မေးခွန်းထုတ်နေသည့် အဓိကအချက်မှာ ၎င်းတို့နိုင်ငံသားနှစ်ဦး၏ အမှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကို အသိပေးခဲ့ခြင်း ရှိ၊ မရှိနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်များအတွင်း ကောင်စစ်ဝန်အကူအညီ ရရှိခဲ့ခြင်း ရှိ၊ မရှိတို့ ဖြစ်ပါတယ်။
ထို့အပြင် ဆော်ဒီအာရေဗျနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂,၅၀၀ ကျော် အကျဉ်းကျခံနေရကြောင်းနှင့် ၎င်းတို့၏ အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးထံ ပေးပို့ထားကြောင်းလည်း သိရှိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment