အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။။အဗ်နာအမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်အား ဆေးရုံတင်ထားဦးခေါင်းကို ထိခိုက် မိရာမှ တစ်ဆင့် သွေးခဲမှုဖြစ်နေ၍ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးအား ဆေးရုံ တင်ထား ရကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန က ကြေညာ ချက်တစ်ရပ် ထုတ်ပြန်သည်။မစ္စစ် ဟီလာရီ ကလင်တန်အား နယူးယောက်မြို့ Resbyterian Hospital သွေးခဲမှုကို သက်သာစေမည့် ဆေးဝါးများဖြင့် ကုသနေသည်ဟု ကန်နိုင်ငံခြားရေး ၀န်ကြီးဌာန အကြီးတန်းအကြံပေး မစ္စတာဖိလစ်ရိုင်းနက်စ်ကပြောကြားသည်။သူမအားဆေးရုံတွင်၄၈နာရီကြာစောင့်ကြည့် ကုသသွားမည်ဟု ၄င်းကဆက်လက်ပြောကြားသည်။'ဆရာဝန်တွေက သူ့အခြေအနေကို ဆက်ပြီးစောင့်ကြပ်ကြည့်ရှုနေပါတယ်။ အဲဒီလို ကြည့်ရှုတဲ့အထဲမှာ ဦးခေါင်းထိခိုက်မှုကြောင့် တခြားပြဿနာတွေရှိသေးလားဆိုတာတွေလည်းပါဝင်ပါတယ်။ အခြားကုသမှုပုံစံလိုအပ်သေးလားဆိုတာကို ဆရာဝန်တွေက ဆုံးဖြတ်သွားပါမယ်" ဟု မစ္စတာ ဖိလစ်ကပြောသည်။ယခုလ အစောပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဦးခေါင်း ထိခိုက်မှုကို နောက်ဆက်တွဲ ကြည့်ရှု စစ်ဆေးရာမှ သွေးခဲမှုဖြစ်ပေါ်နေသည်ကို ဆရာဝန် များက တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက စီအင်န်အင်န်အား ပြောကြားသည်။ ယခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးရာထူးမှ ဆင်းပေးမည့် မစ္စစ်ဟီလာရီကလင်တန် ၆၅ နှစ်သည် ၀မ်းဗိုက်ဗိုင်းရပ်စ်တစ်မျိုးကြောင့် ရေဓာတ်ခမ်းခြောက်မှုဖြစ်ပေါ်ပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။