သွာလေဗင်အေလ်မ် (ခ) သာသနာ့ ကျောင်းသား/သူတို့ ထားရှိရမည့် နီယသ်မှန် ဆိုတာ
အီရန် နိုင်ငံ ၏ အကျော်အမော် စာရိတ္တဆိုင်ရာ ဆရာတော်ကြီး တစ်ပါးဖြစ်ခဲ့သည့် ကွယ်လွန်သူ ဟဇရတ် အာယာသွလ်လ္လာဟ် မိုဂ်ျသဟေဒီ တီဟီရန် နီ (ရ.ဟ) မိန့်ကြားတော်မူသည်။
အသင်အနေဖြင့်ဟောင်ဇာ (သာသနာ့တက္ကသိုလ်)သို့ကြွရောက်လာပြီးဖြစ်ရာ၊ သွာလေ ဗင်အေလ်မ် (ခ) သာသနာ့ ကျောင်းသား(သူ) ဖြစ်သွားချေပြီး ။(ဤအတွက်ကြောင့် ) မိမိ နီယသ် (လာရသည့် ရည်ရွယ်ချက်) ကို မှန်ကန် အောင်လုပ်ပါလေ။ ဆိုလိုသည့်မှာ နီယသ် ဟာ သီး သန့် အလ္လာဟ် ဟို အရှင်မြတ် သခင် တစ်ပါးတည်း အတွက် ဖြစ်ပါစေ။
အသင်၏ ဖခင်မှ ဟောင်ဇာ သာသနာ့ တက္ကသိုလ်သို့ အတင်းအဓမ္မ ပို့လိုက်သည့် အတွက် လာတာမဖြစ်စေပါနှင့်။
(သို့)အသင်၏ဖခင်မှမိမိမဟ်ရာဗ်(ရှေ့ဆောင်နေရာ)ကိုမိမိနောက်ပိုင်းလက်မ လွတ်စေရန်အတွက်အသင်ကိုဟောင်ဇာသာသနာ့တက္ကသိုလ်သို့ပို့လိုက်သည့်အတွက် လာတာမဖြစ်စေပါနှင့် ။ (သို့)အတန်းပညာမှလွတ်လွတ်လပ်လပ်ဖြစ်လို၍လာခြင်း၊(သို့)ထောက်ပံ့ကြေးအ တွက်လာ ခြင်း မဖြစ်စေပါနှင့်။
(သို့) ခေတ်ပညာ မသင်ကြားလိုတော့ သည့် အတွက် သွာလေဗင်အေလ် ဘဲ လုပ်တော့မည် ဟု မိမိကိုယ်ကို ပြောပြီး လာခဲ့ခြင်းလည်း မဖြစ်ပါစေနှင့်။
(သို့) အိမ်က မောင်းထုတ်လိုက်သည့် အတွက်ကြောင့် လာရခြင်းလည်း မဖြစ် ပါစေနှင့်(သို့) အလုပ်လက်မဲ့ ဖြစ်နေသည့် အတွက် လာခဲ့ရခြင်းလည်း မဖြစ်ပါစေနှင့်။
(သို့) ဥက္ကဋ္ဌ ဖြစ်ချင်လို (သို့) နေရာတစ်ခုခုရရှိဖို့ (သို့) ကျော်ကြားဖို့ (သို့) မိုဂ်ျသ ဟစ် ဖြစ် စေဖို့ လာခဲ့ခြင်းလည်း မဖြစ်ပါစေနှင့်။