၁၄ မတ် ၂၀၁၃ - ၂၀:၃၀

ပါကစ္စတန် နိုင်ငံ ပန်ဂျဗ်အူလူမေအာရဘီ တက္ကသိုလ် တွင်တက္ကသိုလ် ကျောင်းသားများ၏ အလ်ဖဂ်ျရ် အန်ဂျွန် မန် ၏ကြီးမှူးမှုဖြင့် အစ္စလာမ်မီ ဖေရ်ကာများ တွင် စည်းရုံးရေး အတွက် ညီလာခံ အား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ဤ ညီလာခံအား အစပထမပိုင်းတွင် ဤပန်ဂျဗ်အူလူမေအာရဘီ တက္ကသိုလ် မှ အကျော် အမော်ကာရီများမှ ကာရီတစ်ပါးမှ ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယတ်တော် အချို့ ကို ဖတ်ရွတ်ခဲ့ပါသည်။ပြီးနောက် ခါလစ်ဒ် ဒါဒ် ၊ ပန်ဂျဗ်အူလူမေအာရဘီ တက္ကသိုလ် ဥက္ကဋ္ဌ မှ လက်ရှိ အခြေအနေ တွင် မြို့များ၏ လုံခြုံရေး အခြေအနေမှာ မငြိမ်မသက် ဖြစ်နေကြောင်း ၊ဤအတွက်ကြောင့် အစ္စလာမ်မီ ဖေရ်ကာများ အနေဖြင့် မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ လမ်းစဉ် နှင့် အေမာမ် များ (အ.စ) လမ်းစဉ် အပေါ်လိုက်နာကျင့်သုံးပြီး တစည်းတလုံးတည်းဖြင့် ထိန်း သိမ်းဖို့သာ လမ်းတစ်ခုတည်း ကျန်တော့ကြောင်း ပြောကြားခဲ့ပါသည်။ဆက်ပြီး ၎င်း အနေဖြင့်ပြောကြားခဲ့ပါသည်။ လက်ရှိ အခြေအနေတွင် အစွန်းရောက် သောင်းကြမ်းသူ အဖျက်သမား များ၏အုပ်စု ကြောင့် ပါကစ္စတန် နိုင်ငံသားများ အနေဖြင့် မိမိတို့၏ ဘဝသည် လုံခြုံမှု မရှိတော့ကြောင်း ၊ယုတ်စွာ အဆုံး နေ့စဉ်လုပ်ရမည့် မိမိတို့ “ အလုပ်များ ကို ပင် မလုပ်နိုင်ကြောင်းပြောကြားခဲ့ပါသည်။ဤ ညီလာခံအား မတ်လ ၁၄ရက်နေ့ တွင် ကျင်းပခဲ့ပြီး အိုလမာများ ၊ သသာနာ့ အတွေး အခေါ် ပညာရှင်များ ၊ ဤ တက္ကသိုလ် ကျောင်းဆရာများ၊ ကျောင်းသားများ ၊ များပြားလှ သည့် မြို့သူမြို့သားများ တက်ရောက်နေရာ ယူခဲ့ကြောင်းသိရပါသည်။