အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာပဋိပက္ခ ဂရုပြု သတင်းစာပညာ သင်တန်းသားများ စုပေါင်းရေးသားသည်။အသက်
၃၀ အရွယ် မဝေဝေက သူ့အနေနဲ့ လွန်ခဲ့တဲ့ ၂ ပတ်ခန့်ကစပြီး တက္ကစီငှားရမ်းသည့်
အခါ ၉၆၉ အမှတ်တံဆိပ် ပါတဲ့ တက္ကစီကိုသာ ငှားရမ်းစီးနင်းတဲ့အကြောင်း ပြောသည်။သူ့အနေနဲ့
ဘာကြောင့် ၉၆၉ အမှတ်တံဆိပ်ပါသည့် ကားကိုရွေးချယ်ရသလဲဆိုသည်နှင့်
ပတ်သက်၍တော့ “ဘာလို့အဲ့ဒီ တံဆိပ်ပါတဲ့ကားကို စီးရတာလဲဆိုတော့
ကိုယ့်လူမျိုးဆိုတော့ ပိုလုံခြုံမယ်ထင်လို့ပါ။ ဗုဒ္ဓဘာသာ ဆိုတဲ့ ယုံကြည်ချက်ကြောင့်လည်း ပါတာပေါ့” ဟု ပြောသည်။ သူမသည် နိုက်ကလပ် တခုမှာ ကိုယ်ခန္ဒာကိုရင်းပြီး စီးပွားရှာနေတဲ့ မိသားစုတာဝန်အား တစ်ဦးတည်း ထမ်းဆောင်နေရသူလည်းဖြစ်သည်။ ၎င်းသည်
အမျိုးသားနှင့်  လင်မယားအဖြစ်မှ ပြတ်စဲသည်မှာ ၃ နှစ် ရှိပြီဖြစ်ပြီး ကလေး
ငယ် ၃ ဦးနှင့် အိမ်စရိတ်များ အတွက် ညစဉ် အလုပ်တာဝန်မှာ ရပ်နား၍
မရကြောင်းသူမက ဆက်လက်ပြောသည်။၉၆၉ အမှတ်တံဆိပ်၏ အဓိပ္ပါယ်မှာ
ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာဂုဏ်တော် (၉) ပါးတို့
စုပေါင်းထားသည့်အတွက် ထိုအမှတ်တံဆိပ်အား ဆောင်ထားပါက ဘေးအန္တရာယ်ကင်းခြင်း၊
လာဘ်လာဘပေါများခြင်းစသော ကောင်းကျိုးတရားများ ဖြစ်ပေါ်စေနိုင်သည်ဟု ၎င်း အမှတ်တံဆိပ် ဆောင်ထားသူ မဝေဝေ ၏ မိတ်ဆွေ တက္ကစီသမားက ဆိုသည်။ ၎င်းက
“ကျွန်တော့် ကားမှာ ၉၆၉ အမှတ်တံဆိပ် တပ်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကားဆိုတာ
သိပြီး လူတွေများများ တင်ရအောင်လို့ ပါ။ဒါပေမဲ့  မွတ်စလင်တွေ ငှားတာ၊
မွတ်စလင်တွေ စုပြီးနေတဲ့ နေရာတွေတော့ မသွားရဲဘူး”ပာုပြောသည်။၉၆၉
အမှတ်တံဆိပ် ပေါ်ထွက်လာပြီး နောက်ပိုင်းတွင် အခြေခံ လူတန်းစားအများစုမှာ
မိမိတို့၏နေအိမ်များ၊ ကားများ၊ ဆိုင်ကယ်များနှင့် ဈေးဆိုင်များတွင်
၎င်းအမှတ်တံဆိပ်ကို ဆောင်ထားလာကြခြင်းဖြစ်သည်။ “လမ်းထဲကလူတွေ အိမ်ရှေ့တံခါးတွေမှာ ကပ်ထားတာတွေ့လို့ မေးကြည့်လိုက်တယ်။ အဲ့ဒီတံဆိပ်ကပ်ထားရင်ဘေးအန္တရာယ်ကင်းတယ်၊ဈေးရောင်းကောင်းတယ်။
လာဘ်ရွှင်တယ်။ ဗုဒ္ဓဘာသာအိမ်မှန်းသိသာတယ်ဆိုလို့ ကပ်ထားတာ။
ကိုယ့်ဆန္ဒနဲ့ကိုယ်ကပ်ထားတာပါ။” မြောက်ဥက္ကလာပ မြို့ နယ်နေ ပန်းရောင်းသူ
မခင်မေကပြောသည်။ထို့ပြင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော အုတ်ဖို၊
မင်းလှ၊ မိတ္တီလာ စသည့်မြို့များအပြင် အခြားမြို့အသီးသီး၌လည်း ဗုဒ္ဓဘာသာအိမ်
အဖြစ် သိသာစေရန်အတွက် ၉၆၉ အမှတ်တံဆိပ်အား ဗုဒ္ဓဘာသာဝင် အများအပြား
ကိုင်ဆောင်ထားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။မိထ္ထီလာအပါအ၀င်
အဓိကရုဏ်းများ ဖြစ်ပွားခဲ့သော ဒေသများတွင် ပဋိပက္ခ မဖြစ်ပွားမီ
အချိန်နှင့်ဖြစ်ပွား ချိန်များ တွင် ၉၆၉ တံဆိပ် များ ၊တရားခွေများအား
လိုက်လံဖြန့်ချီမှုများ ရှိခဲ့သည်ပာု အဆိုပါမြို့များမှ ဒေသခံများက ဆိုသည်။“အဓိကရုဏ်းတွေ
စဖြစ်တဲ့နေ့မှာပဲ ၉၆၉ တံဆိပ်တွေ တရားခွေတွေ လူစည်ကားတဲ့နေရာမှာ
လိုက်ဖြန့်တာတွေ ရှိပါတယ်။ မြို့လည်ခေါင်က ဆိုင်ကြီးတွေမှာ အဲ့ဒီတံဆိပ်တွေ
ကပ်ထားတယ်” ဟု အုတ်ဖိုမြို့နယ်မှ ကိုကျော်ဇေယျကပြောသည်။၎င်းအမှတ်တံဆိပ်သည် ၁၉၉၈ ခုနှစ်က သာဿနာပြန့်ပွားရေး ဌာနမှ ညွှန်ကြားရေးမှုးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နှစ်ဖက်လှ ဦးကျော်လွှင်က ဖန်တီးခဲ့ကြောင်း သာသနာ့အသိုင်းအ၀ိုင်းနှင့် အင်တာနက် စာမျက်နှာများ၌ ဖော်ပြထားသည်။ ၉၆၉
သည် မြန်မာနိုင်ငံ၌ အခြေတည်ခြင်းမှာ ဆယ်စုနှစ် နှစ်ခု နီးပါး ရှိပြီ
ဖြစ်ကြောင်း ပြောစကားများအရ သိရသော်လည်း တွေရှိထားသော သတင်းအချက်အလက်များအရ
ယခုနောက်ပိုင်းတွင် အတိအလင်း ထွက်ပေါ်လာချိန်မှာ ၂၀၁၂ ခုနှစ်
အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဂဏ၀ါစကသံဃကွန်ရက်မှ စတင်ထုတ်လုပ်ခဲ့ခြင်း
ဖြစ်သည်ဟု အဆိုပါကွန်ရက်မှ ဆိုသည်။မြန်မာနိုင်ငံတွင် ဆင်းရဲမှု
ပြဿနာသည် ထိပ်သီးအခြေခံ ပြဿနာတစ်ခု အဖြစ် နှစ်စဉ် နှစ်တိုင်း ပြည်သူများ
ကြုံတွေ့ လျက်ရှိပြီး ပြည်သူများထဲတွင် ဗုဒ္ဓဘာသာဦးရေမှာ အများဆုံးဖြစ်ကာ
လူတန်းစား အလွှာ အစုံ၌ရှိကြသည်။၉၆၉ သည် ယခု ရက်သတ္တပတ်များအတွင်း
ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းဒေသများနှင့် ပတ်သတ် ဆက်နွယ်နိုင်ကြောင်း
သတင်းမီဒီယာ အချို့ တွင်လည်း ဖော်ပြခဲ့ကြပြီး အစ္စလာမ်ဘာသာဝင်အချို့ကလည်း
ထင်မြင်ပြောဆိုလျက်ရှိသည်။ ၉၆၉လှုပ်ရှားမှုများကြောင့်
ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများ အပေါ်အကျိုး
သက်ရောက်မှု မရှိသော်လည်း နယ်မြို့များတွင်မူ အကျိုးသက်ရောက်မှုများ
ဖြစ်ပေါ်လျက်ရှိသည်ဟု အစ္စလာမ် ဘာဘာသာဝင်အချို့က ဆိုသည်။ အဆိုပါ
အမှတ်တံဆိပ်အား စီးပွာရေးအရအသုံးပြုမှုများရှိခြင်းကြောင့် 
အခြားဘာသာဝင်များ၏ စီပွားရေးမှာ ထိခိုက်မှုများရှိကြောင်း
မော်လမြိုင်မြို့မှ အစ္စလာမ်ဘာသာဝင် ဦးကျော်စိုးကပြောသည်။“ဗမာစိုက်တဲ့ဆန် ကုလားစားတယ် ကုလားထုတ်တဲ့ရေ ဗမာသောက်တယ်။ ဒီလိုမှ မစားသောက်ရင် သတ္တဝါတွေသေကြေပျက်စီးကုန်ကြမှာပေါ့” ဟု အစ္စလာမ်ဘာသာဝင် စီးပွားရေးလုပ်ငန်းရှင် ဦးရွှေကြည်က ဆိုသည်။ ၉၆၉
ဘာသာရေးတရားပွဲ အချို့တွင် ဘာသာရေး ခွဲခြားကာ ဗုဒ္ဓဘာသာများအနေဖြင့် 
မိမိဘာသာဝင်များ၏ အကျိုးစီးပွားသာ ရှေးရှု၍ စီပွားရေး
တိုးတက်စေရန်ဖော်ဆောင်သင့်ကြောင်း သို့ မှသာ ဘာသာသာဿနာပြန့်ပွားမည် လမ်းညွှန်ပြသနေသည်ကို ၉၆၉ တရားခွေများမှ သိရသည်။ဒုတိယ
ကမ္ဘာစစ် မတိုင်မီ အချိန်က မြန်မာနိုင်ငံ၌ မော်လ၀ီဆရာတစ်ဦး ၏
စာအုပ်တစ်အုပ်ကြောင် ဘာသာရေး အဓိကရုဏ်း တစ်ခုအပါအဝင် ကိုလိုနီခေတ်တွင်
ဘာသာရေး အဓိကရုဏ်း (၃) ခု ဖြစ်ပွားမှုရှိခဲ့ကြောင်းမြန်မာ့သမိုင်းသုတေသီ ဆရာတစ်ဦးကဆိုသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း
၁၉၄၉-၅၀ ၀န်းကျင်တွင် ဘူးသီးတောင်-မောင်တော၌လည်းကောင်း၊ ၁၉၈၂ ခုနှစ်တွင်
မော်လမြိုင်-ကျူံဒိုး ၌လည်းကောင်း၊ ၁၉၈၈ ခုနှစ်မတိုင်ခင် တောင်ကြီးနှင့်
ပြည်မြို့တို့၌ လည်းကောင်း ဘာသာရေးနှင့် ဆက်နွယ်သော ဒေသတွင်း အဓိကရုဏ်းများ
ပေါ်ပေါက်ခဲ့သည်။၉၆၉ သည် အခြားဘာသာ အမှတ်တံဆိပ်များကို တုပသည်
၃၀ ဧပြီ ၂၀၁၃ - ၁၉:၃၀
News ID: 414750