၁၆ ဇွန် ၂၀၁၃ - ၁၉:၃၀
M-Media ဖော်ပြပါ ရွေးကောက်ပွဲပြီးနောက် အမေရိကန်နှင့်အီရန် တိုက်ရိုက်ဆက်ဆံရေး ထူထောင်မည် ဆိုသည် သတင်း အတွက် အဖြေမှန်များ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ  ဇွန်လ ၁၇ ရက်နေ့ တွင် အမေရိကန် အာဘော်ကို ဘာသာပြန်ထားသည့် သတင်းတပုဒ် ကို မြန်မာ မွတ်စလင် သတင်းဌာန တစ်ခု ဖြစ်သည့် M-Media မှ ဖော်ပြခဲ့ပါသည်။ ဤသတင်းကို ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ တွင်နေထိုင်သူ ၊ တရားမျှတသူ ၊ ဖက်မလိုက်သူ ၊ (သို့) အီရန် အခြေခံမှု များ ကို ကောင်းကောင်းသိထားသူများ အတွက် ရယ်စရာ နှင့် စွပ်စွဲထားသည့် ၊မုသားဆိုထားသည့် သတင်းမှ အပ အခြား မဟုတ်ချေ ။ အီရန်သမ္မတများအဖြင့်အရွေးခံခဲ့သူ၈ယောက်ဦးစလုံးသည်အစွန်းမရောက်၊အလယ်အလတ်ဝါဒီများ ဖြစ်ကြပါသည်။ မဲအများဆုံးရလာသည့် ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွတ်စလေမီး ဟစန် ရူဟာနီ တစ်ဦးတည်း မဟုတ်ချေ။ အကြောင်းမှာ အီရန် နိုင်ငံ ထိန်း သိမ်းရေး အဆင့်မြင့် ကောင်စီမှ ဤ သမ္မတလောင်း ၈ ဦးစလုံးကို ရွေးချယ် ကြေငြာပေးခဲ့ ခြင်း ဖြစ်ပါသည်။ နုကလီးယာ ကိစ္စ နှင့်ပတ်သက်ပြီး အမေရိကန်မှ တိုက်ရိုက်ဆွေးနွေးမည် ဆိုသည့် ကိစ္စ မှာ လူမြင်ကောင်းအောင် အမေရိကန် နှင့် အစ္စရေးတို့မှ အော်နေခြင်းဖြစ်ပါသည်။ အမေရိကန် သည် အီရန်နှင့် တိုက်ရိုက် ဆွေးနွေး လိုသည့် နိုင်ငံ မဟုတ်ချေ။ အီရန် အား  အခြား အာရပ် နိုင်ငံ  များ  ကဲ့သို့ မိမိ လက်အောက်တွင် သိမ်းသွင်း ထား လိုသည့် နိုင်ငံသာ ဖြစ်ပေသည်။ ကမ္ဘာ ပေါ်တွင် အလိမ်ဆုံး နိုင်ငံမှာ အမေရိကန် နိုင်ငံ နှင့် အစ္စရေး ဖြစ်ပေသည်။ တဖက်တွင် ဒီမိုကရေစီ လို အော်နေပြီး အခြား တဖက်တွင် အာဖဂန် နှင့်အီရတ် ရှိ အပြစ်မဲ့ မွတ်စလင်များ ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့လေသည်။ နောက်အလ်ကိုင်ဒါ ၊တာလီဗန် ကို မိမိတို့ ကိုယ်တိုင် သွယ်ဝိုက်နည်း ဖြင့် မိမိတို့၏ လူယုံများဖြင့် ဖွဲ့စည်းခဲ့ပြီး မွတ်စလင်များ ခါး ကို ချိုး ပစ်ရန် စွန်နီ ရှီအာ တိုက်ပွဲများ ကို ပြုပေးခဲ့ သည်။ပြုနေသည်။ အခု ဆို ဆီးရီးယား နိုင်ငံ အတွင်း ဝင်ရှုပ် နေပေသည်။ တလောကလည်း တောင်ကိုရီးယား နှင့်မြောက်ကိုရီးယား ကိစ္စတွင် ရှုပ်ခဲ့ရာ တ ဖက်မှ မိမိပြိုင် ဖက်သည်လည်း နုကလီးယား လက်နက် ပိုင်ဆိုင်ထားသည့် အတွက် ငြိမ် သွားခဲ့လေသည်။ 

အီရန်၏ နုကလီးယား အစီအစဉ်မှာ အနုမြူလက်နက်များတည်ဆောက်ရန်ရည်ရွယ်သည်ဟု အနောက်တိုင်းမှ သံသယ၀င်နေသော်လည်း အီရန်ကမူ စွမ်းအင်ထုတ်လုပ်ခြင်းကဲ့သို့သော် အကျိုးပြုလုပ်ငန်းများအတွက်သာဖြစ်ကြောင်း အခိုင်အမာပြောကြားနေသည် မှာ ၁၀၀ % မှန်ပေသည်။ နိုင်ငံတိုင်း အထူးသဖြင့် အမေရိကန် နှင့် အစ္စရေးတို့ကိုယ်တိုင်ပင် သိနေပေ သည်။ အမေရိကန် ၊အစ္စရေး တို့အနေဖြင့် ကိုယ်နည်းကိုယ်ဟန် ဖြင့်သုတေသန ပြုပြီး ဖြစ်ပေသည်။

 

အမေရိကန် နှင့် အစ္စရေး အီရန် ကိုကြောက်နေ စိုးရိမ်နေရသည့် အချက်မှာ အနုမြူ လက်နက်မဟုတ်ချေ။ အနုမြူလက်နက်မှာ အကြောင်းပြချက် တစ်ခုသာ ဖြစ်ပေသည်။

 

အီရန်ကို ကြောက်နေသည်မှာ တစ်ဦးတည်း သော ဘာသာရေး ခေါင်းဆောင်ကြီး ဟဇရတ် အာယာသွလ် လ္လာဟ် အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီ ၏ အမိန့်နားခံမှု ၊ စည်းလုံးမှု ၊ စစ်မှန်သည့် အစ္စလာမ် ဘာသာနာ အပေါ် ရပ်တည်နေမှုနှင့် အချိန်မရွေး ပြန်လည် ခုခံ နိုင်သည့် လူအင်အား နှင့် လက်နက်အင်အား ၊အီမာန် အင်အားတို့ ကြောင့် ဖြစ်ပေသည်။

 

သက်သေ အဖြင့် ပြောရလျှင် အမေရိကန် သည် အာဖဂန် အား စက်တင်ဘာလ ၁၁ ရက်နေ့ ကိစ္စ ကို အကြောင်းပြပြီး တိုက်ခိုက်ခဲ့လေသည်။

 

အီရတ်အား နုကလီးယား နှင့်အနူမြူလက်နက် အကြောင်းပြပြီး တိုက်ခိုက်ခိုက်လေသည်။

 

သို့သော် အီရန်အား ကြုံးဝါး လာသည်မှာ နှစ် ၃၀ ကျော်နေ ချေပြီး .... ယနေ့ထိ မတိုက်ရဲ ချေ ။ အမေရိကန် နှင့် အစ္စရေး တို့ကိုယ်တိုင် အီရန် သည် အာဖဂန် နှင့်အီရတ် ကဲ့သို့ လွယ်မည် မဟုတ် ကြောင်း ကိုယ် အတွင်းကိုယ်တူးသည်ပမာ ဖြစ်မည် ဖြစ်ကြောင်း သိ လေသည်။

 

အနူမြု လက်နက်အတွက်မှန်လျှင် ၊ဓာတု လက်နက်အတွက်မှန် လျှင် မိမိနှင့် အစ္စရေး ၊နောက်အခြား နိုင်ငံများရှိ အနူမြု လက်နက် နှင့် ဓာတု လက်နက်များကို ကမ္ဘာ အရှေ့ တွင် ဖျက်ပြ ရပေမည် ။

 

အီရတ် - အီရန် ၈ နှစ်တာ စစ်ကာလတွင် အီရတ်နိုင်ငံနှင့် ဆတန်မ် ဟိုစိန် အား ဓာတုလက်နက်မည်သူ ပေးခဲ့ ပါသလော ?

 

လက်ရှိ ဆီးရီးယား နိုင်ငံ၏ အစိုးရ ဆန်ကျင့်ရေး အကြမ်းဖက် လက်နက်ကိုင် နိုင်ငံတကာရှိ သူပုန်များ ပါ အကြမ်းဖက်များကို ကော်မည်သူ ကဓာတုလက်နက် ၊ လက်နက် ၊ငွေ ပေးနေပါသနည်း ?

 

အီရန်လူထု၏ လိုလားချက်ဆန္ဒကိုလေးစားပါကြောင်း၊ ရွေးကောက်ပွဲ၌ လူထု၏ပါဝင်မှုအား ဂုဏ်ယူပါကြောင်း၊ ပြည်သူ့အသံများထဲမှ ပြည်သူ့သတ္တိကို ကြားသိရပါကြောင်း အိမ်ဖြူတော်မှ ချီးမွှမ်းခဲ့သည်ဆိုသည်မှာလည်း လုံးဝ လိမ်ပြောနေခြင်း ၊ ကောက်ကျစ် လှည့်ဖျားနေခြင်း သာ ဖြစ်ပေသည်။

 

အကြောင်းမှာ အီရန်လူထု ကို လိုလားလျှင် လူထု ဒုက္ခရောက်အောင် စီးပွားရေး ပိတ်စို့မှု ကို တနေ့ တခြား ပြင်းသထက်ပြင်းအောင်ပြုမည် မဟုတ်ချေ။

 

ရွေးကောက်ပွဲတွင် ပါဝင်မှု ကို အားပေးလျှင် ရွေးကောက်ပွ