အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊ အဗ်နာ tallတစ်မိသားစုလုံးပေါင်း အရပ်အရှည်က ၂၆ပေ ရှိပါတယ်။ အိမ်ထောင်ဦး စီး ဖြစ်သူ Sharad Kulkarni အမည်ရ အသက် ၅၂ နှစ်အရွယ် အမျိုးသားက ၇ ပေ ၁.၅ လက်မ၊ ဇနီးဖြစ်သူ Sanjot (အသက် ၄၆ နှစ်) ကတော့ ၆ပေ ၂.၆ လက်မ၊ သမီးနှစ်ဦးကတော့ အသက် ၂၂ - Mruga က ၆ပေ ၁ လက်မ၊ Sanya ၁၆ နှစ်က ၆ ပေ ၄ လက်မ ရှိပါတယ်။ ဒီတော့ တစ်မိသားစုလုံးပေါင်းရဲ့  အရပ်ကို ပေါင်းလိုက်တဲ့အခါ ၂၆ ပေ ရှိသွားစေ ပါတယ်။ အိန္ဒိယနိုင်ငံ Pune မြို့ မှာ နေထိုင်တဲ့ သာမန် မိသားစု တွေပါပဲ။ သို့ပေမယ့် အရပ်တွေကတော့ သာမန်လူတွေထက် သိသိသာသာ ရှည်နေပါတယ်။ တစ်မိသားစုလုံး အများပြည်သူသုံး ဘတ်စ်ကားနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်များကို အသုံးမပြုပါဘူး။ ကိုယ်ပိုင် ဆိုင်ကယ်များ ဝယ်ထား ရပါတယ်။ သို့ပေမယ့် သူ့တို့အရပ်ကြောင့်မို့ ဆိုင်ကယ်စီးလည်း သိသိသာသာ ကြီးထွား နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ မှတ်တမ်းသစ်တစ်ခုအနေနဲ့ Sharad တို့မိသားစုကို ကမ္ဘာ့အရပ်အရှည်ဆုံး မိသားစုလို့ အသိအမှတ်ပြုစေခဲ့ကြောင်း သိရပါတယ်။
၂၁ နိုဝင်ဘာ ၂၀၁၃ - ၂၀:၃၀
News ID: 483228