အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
တကယ်မှန်အတိုင်း ထိုးဖောက်မြင်နေရမယ့် စမတ်ဖုန်း Prototype ကို ထိုင်ဝမ် ပိုလီထရွန် ကုမ္မဏီက ပြီးခဲ့တဲ့ လကတည်းက ပြသခဲ့ တာ ဖြစ် ပါတယ်။
စပီကာ၊ ဆင်းကဒ်၊ meomry ကဒ် တို့ကို အထင်းသားကြီး မြင်နေရပြီး မျက်နှာပြင်မှာ အရောင် လက်လက်၊ လက်လက် နဲ့ ယခုလို မြင်တွေ့ရပါတယ်။ အင်တာဗျူး မှာတော့ ကုမ္မဏီရဲ့  ပြောဆိုချက်ရ ၂၀၁၄ မှာ အမှန်တကယ် ထုတ်လုပ် လာ နိုင်မယ့် ဟန်းဆက်ဖြစ်လာအောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ သူတို့က ဟာ့ဒ်ဝဲ အသားပေး ထုတ်တဲ့ ကုမ္မဏီ ဖြစ်တဲ့အတွက် ယင်းနည်းပညာကို အခြားကုမ္မဏီများအား ရောင်းချမှာ ဖြစ်ပါတယ်။
နည်းပညာ ရောင်းနိုင်ပေမယ့် ကုန်ကြမ်းကျတော့ တော်တော်လေး ရှာယူကြိုးစား ရမှာပါ။ ဖန်သားလို မြင်နေရတဲ့ သတ္တုပေါ်မှာ ရောင်စုံ ပုံရိပ်တွေ ပေါ်အောင် လုပ်ထားတဲ့ နည်းပညာဆိုတော့ ကမ္ဘာ့ အိုင်တီ Gadgets လောကကို တုန်လှုပ်စေအုံးမယ့် တီထွင်ဆန်းသစ်မှု တစ်ခုလည်း ဖြစ်ပါတယ်။--Ref: techgad