၁၂ ဧပြီ ၂၀၁၄ - ၀၂:၂၉
မစိုးရိမ် ကျောင်းတိုက်အတွင်း အမျိုးသမီး သံဃာ တစ်ပါး စစ်ဆေး တွေ့ရှိ

မြန်မာနိုင်ငံတဝန်းထိုကဲ့သို့ ဘုန်းကြီးကျောင်းများအတွင်းသံဃာအတု အမျိုးသမီးများမည်မျှရှိနိုင်ကြောင်းမေးခွန်းများထွက်ပေါ်လာလျက်ရှိသည်။ ယခုကိစ္စနှင့်ပက်သက်ပြီးသီတဂူဆရာတော်အရှင်ဥာဏိသ၁ရကိုဆက်သွယ် မေးမြန်းရာမည်သည့်မှတ်ချက်မျှမပေးလိုကြောင်းမိန့် ကြားသွားသည်။

 

 အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန၊ အဗ်နာ

ဆရာတော်အရှင်နန္ဒဝိမာလဘိဝံသ မစိုးရိမ်ဘုန်းကြီးကျောင်းဝင်းအတွင်း ပက်လက်ကုလားထိုင်ဖြင့် သတင်းစာဖတ်နေစဉ်အနီး ခွေးတစ်ကောင်မှအမျိုးသမီးလစဉ်သုံးပစ္စည်း
တစ်ထုပ်ကို ဆွဲချီယူလာပြီးထိုးဆွမွှေနှောက်နေသည်ကိုတွေ့ ရသဖြင့် ဘုန်းကြီးကျောင်းထဲထိုပစ္စည်းထုပ်မည်ကဲ့သို့ ရောက်ရှိလာရသနည်းကို...
စစ်ဆေးမေးမြန်းရာမှ ကိုရင်ငယ်များ၏တိုင်တန်းဖော်ထုပ်မှုကြောင့် ဆရာတော်အရှင်အာဒိစ္စကိုယ်တော်ကို သံဃာစစ် မစစ် မစိုးရိမ်ကျောင်းတိုက်စာကြည့်ခန်းအတွင်း ဆရာတော်အရှင်ရာဝိကာမှ နာရီဝက်အကြာစစ်ဆေးကြည့်ရာ အမျိုးသမီးစစ်စစ်ဖြစ်ပွားနေကြောင်းပေါ်ပေါက်ခဲ့သည်။
ဆရာတော်အရှင်အာဒိစ္စကိုယ်တော်သည် မစိုးရိမ်ကျောင်းတိုက်တွင်(၃)ဝါရှိသောအခါမှအမျိုးသမီးဖြစ်နေကြောင်း
ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတဝန်းထိုကဲ့သို့ ဘုန်းကြီးကျောင်းများအတွင်းသံဃာအတု
အမျိုးသမီးများမည်မျှရှိနိုင်ကြောင်းမေးခွန်းများထွက်ပေါ်လာလျက်ရှိသည်။
ယခုကိစ္စနှင့်ပက်သက်ပြီးသီတဂူဆရာတော်အရှင်ဥာဏိသ၁ရကိုဆက်သွယ်
မေးမြန်းရာမည်သည့်မှတ်ချက်မျှမပေးလိုကြောင်းမိန့် ကြားသွားသည်။

Credit- Eleven