၃၀ ဇွန် ၂၀၁၄ - ၁၉:၀၆
ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ဝန်ကြီးချုပ်အဖြစ် ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု

ဇွန်လ ၃၀ ရက်ကပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ဗိုလ်ချုပ် မောင်မောင်အုန်းကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် အဆို ကို ကန့်ကွက်သူ မရှိ အတည်ပြု လိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ

ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ဝန်ကြီးချုပ်အဖြစ် ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု

ဇွန်လ ၃၀ ရက်ကပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ဗိုလ်ချုပ် မောင်မောင်အုန်းကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် အဆို ကို ကန့်ကွက်သူ မရှိ အတည်ပြု လိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘ဒီနေ့ လွှတ်တော်က အတည်ပြု လိုက်ပြီ သမ္မတဆီကို သဝဏ်လွှာပြန်ပို့ ထားတယ်’’ဟု ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။ ဇွန်လ ၂၅ ရက် လွှတ်တော် အစည်း အဝေးတွင် ဗိုလ်ချုပ် မောင်မောင်အုန်းက တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး လွှတ်တော် ဥက္ကဋ္ဌက ၎င်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် အဆိုပြု ထားသော နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ကန့်ကွက်လို သူများအနေဖြင့် ဇွန်လ ၂၇ ရက် နောက်ဆုံး ထား၍ သက်သေ အထောက် အထားခိုင်လုံစွာဖြင့် ကန့်ကွက်လွှာကို လွှတ်တော် သို့ပေးပို့ ရမည်ဖြစ်သည်။

သို့ရာတွင် ကန့်ကွက် သူလုံး ဝမရှိသည့် အတွက် ဇွန်လ ၃၀ အစည်းအဝေးတွင် ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် အတည်ပြု လိုက်ပြီ ဖြစ်ကြောင်း ဦးအောင်မြကျော်က ပြောသည်။ နိုင်ငံတော် သမ္မတက အမိန့်ပြန်တမ်းစာ ထုတ်ပြန်ပေးပို့ပြီးပါက ဗိုလ်ချုပ် မောင်မောင်အုန်းက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆို မည်ဖြစ်သည်။  

RF; 7Day News