၂ ဇူလိုင် ၂၀၁၄ - ၁၅:၁၃
မန္တလေးမြို့ ပြန်လည်တည်ငြိမ်

ဇူလိုင်လ ၁ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် စုစုပေါင်း ငါးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဈေးချိုအနီး တစ်ဝိုက်တွင် ရပ်နား ထားသော မော်တော်ကား (၁၀)စီး ကားမှန် များရိုက်ခွဲခံ ရခြင်းနှင့် ဟိုင်းလတ်ကား တစ်စီး၏ ခေါင်းခန်း မီးရှို့ခံခဲ့ရသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။ ပဋိပက္ခဖြစ်စဉ် များကြောင့် ဇူလိုင် ၁ ရက် ည ၁၁ နာရီခွဲက ၂၆ လမ်းနှင့် ၈၃ လမ်းထောင့်တွင် လူနှစ်ရာခန့်က လူနေအိမ်များ၊ ကားများအား ဖျက်ဆီး ခဲ့သဖြင့်ရာဘာကျည်ဖြင့် မိုးပေါ်ထောင်ပစ် ဖောက်ခဲ့ ရကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ

မန္တလေးမြို့ ပြန်လည်တည်ငြိမ်

ဇူလိုင် ၁ ရက် ညဦးပိုင်းမှ စတင်ကာ နံနက် ၃ နာရီကျော် အချိန်ထိ မန္တလေးမြို့ ဈေးချိုတော် အနီးတစ်ဝိုက်တွင် ဘာသာရေးပဋိပက္ခသဏ္ဌာန် လူအုပ်စုဖွဲ့အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့သည်။ သို့သော် ယနေ့ တွင်မြို့တွင်း ၌ပြန်လည် တည်ငြိမ် သွားပြီဖြစ်၍ဈေးချိုတော် အပါအဝင် မန္တလေးမြို့ရှိဈေးဆိုင်များ ပုံမှန်ပြန်လည်ဖွင့် လှစ်ထားကြောင်း သတင်း ရရှိသည်။

မန္တလေးမြို့ ပြန်လည် တည်ငြိမ်နေပြီဖြစ်သော်လည်း လူစုလူဝေးများ စတင်ဖြစ်ပေါ်ရာ မန္တလေးမြို့ချမ်း အေးသာ စံမြို့နယ် ၈၂ လမ်းနှင့် ၂၇ လမ်းထောင့် အပါအဝင် အနီးအနား နေရာများကို ရဲတပ်ဖွဲ့ဝင်များ ကလုံခြုံရေးအပြည့်အဝ ရယူထား ဆဲဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးဇော်မင်း ဦးကပြောသည်။

ဇူလိုင်လ ၁ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် စုစုပေါင်း ငါးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဈေးချိုအနီး တစ်ဝိုက်တွင် ရပ်နား ထားသော မော်တော်ကား (၁၀)စီး ကားမှန် များရိုက်ခွဲခံ ရခြင်းနှင့် ဟိုင်းလတ်ကား တစ်စီး၏ ခေါင်းခန်း မီးရှို့ခံခဲ့ရသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။

ပဋိပက္ခဖြစ်စဉ် များကြောင့် ဇူလိုင် ၁ ရက် ည ၁၁ နာရီခွဲက ၂၆ လမ်းနှင့် ၈၃ လမ်းထောင့်တွင် လူနှစ်ရာခန့်က လူနေအိမ်များ၊ ကားများအား ဖျက်ဆီး ခဲ့သဖြင့်ရာဘာကျည်ဖြင့် မိုးပေါ်ထောင်ပစ် ဖောက်ခဲ့ ရကြောင်း သိရသည်။

သေနတ် ပစ်ဖောက်မှုကြောင့် ဒဏ်ရာရရှိသူ မရှိဟု ရဲဘက်မှထွက်ဆိုထားသော်လည်း ဘာသာခြားများဘက်ကမူ တစ်ဦးဒဏ်ရာရကြောင်း ပြောဆိုနေကြသည်။ ထိခိုက်ဒဏ်ရာရရှိသူများမှာ ဒဏ်ရာပြင်းထန်မှု မရှိဘဲ မန္တလေးဆေးရုံကြီး ပြင်ပလူနာဌာနတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း တိုင်းရဲတပ်ဖွဲ့ရုံး ကပြောသည်။

မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးနှင့် မှုခင်းများ ထပ်မံမဖြစ်ပွားစေရေး အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀၀ ကျော်၊ ရဲလုံခြုံရေးတပ်ဖွဲ့ခွဲ (မန္တလေးတိုင်းဒေသကြီး)မှ အင်အား ၃၀၀ ခန့်ဖြင့် လုံခြုံရေး ရယူဆောင်ရွက်နေ သည်ဟု ဒုတိယ ရဲမှူးကြီးဇော်မင်းဦး ကပြောသည်။ မိန်းကလေးငယ် တစ်ဦးအား အဓမ္မပြုကျင့်သည်ဟုသံသယရှိသူတစ်ဦးကို ရဲတပ်ဖွဲ့မှဖမ်းဆီးရန် လာရောက်ရာမှ ဇူလိုင် ၁ ရက်တွင် ဘာသာရေးပဋိပက္ခအသွင် လူစုလူဝေးစတင်ခဲ့သည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ ဆန်းလက်ဖက်ရည်ဆိုင်တွင် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်သည်ဟု သံသယရှိသူတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးရန် လာရောက်ရာမှ လူစုလူဝေးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၁ ရက် ညနေ ၄ နာရီခန့်မှစတင်ကာ ရုတ်ရုတ်သဲသဲဖြစ်ပွားခြင်းဖြစ်ပြီး ည ၁၀ နာရီကျော်လွန်သည်ထိ ဈေးချိုတော်အနီး ၂၆ လမ်းမကြီးနှင့် ၈၂ လမ်းအနီးတစ်ဝိုက်တွင် အစ္စလာမ် နှင့်ဗုဒ္ဓဘာသာဝင်များ လူအုပ်စုလိုက်ရှိနေခဲ့ကြသည်။ 

REF;7Day News