၁၁ ဇူလိုင် ၂၀၁၄ - ၀၈:၅၅
အီရတ်တွင် ကားဗုံးကွဲ၊ ၈ ဦး ဒဏ်ရာရ

အီရတ်နိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေ ရောထွေးနေတဲ့ ကာကတ်မြို့တောင်ပိုင်းမှာ ကားဗုံးခွဲမှုတခုကြောင့် အနည်းဆုံးလူ ၈ ဦး ဒဏ်ရာရပါတယ်။ အယ်လ်ဝါစစ်တီရပ်ကွက်ထဲက ကားဗုံးကြောင့် အနားက အိမ်တွေပျက်စီးပြီး ရဲကားတချို့ မီးလောင်ပျက်စီးပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ

အီရတ်တွင် ကားဗုံးကွဲ၊ ၈ ဦး ဒဏ်ရာရ

အီရတ်နိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေ ရောထွေးနေတဲ့ ကာကတ်မြို့တောင်ပိုင်းမှာ ကားဗုံးခွဲမှုတခုကြောင့် အနည်းဆုံးလူ ၈ ဦး ဒဏ်ရာရပါတယ်။

အယ်လ်ဝါစစ်တီရပ်ကွက်ထဲက ကားဗုံးကြောင့် အနားက အိမ်တွေပျက်စီးပြီး ရဲကားတချို့ မီးလောင်ပျက်စီးပါတယ်။

အရင်လကတော့ အီရတ်အနောက်ပိုင်းနဲ့ မြောက်ပိုင်းတလွှားကို ဆွန်နီမွတ်စလင် စစ်သွေးကြွတွေ သိမ်းပိုက်ခဲ့လို့ တိုက်ခိုက်မှုတွေနဲ့ တခြားအကြမ်းဖက်မှုတွေအတွင်း အရပ်သားအများစုအပါအ၀င် လူအယောက် ၁ ထောင်လောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ က ဇူလိုင် ၈ ရက်နေ့က ပြောပါတယ်။

အီရတ်နိုင်ငံတွင်း ၂၀၀၆၊ ၂၀၀၇ ခုနှစ် တိုင်းရင်းသားသုတ်သင်မှု အဆိုးဆုံးအချိန်တွေ အပြီး ပထမဆုံးအနေနဲ့ အစုလိုက် အပြုံလိုက် လူသတ်မှုတွေဟာ အီရတ်မှာ ပုံမှန်လို ပြန်ဖြစ်လာနေပါတယ်။

ဆွန်နီသူပုန်တွေဟာ ဇွန် ၁၂ ရက်နေ့က တီကရစ်မြို့ကို သိမ်းပိုက်အပြီး ဓားစာခံ ရှီးယိုက်စစ်သားတွေကို ရာနဲ့ချီ ပြီး သတ်ဖြတ်ခဲ့ပါတယ်။

REF; ဒီဗွီဘီ