အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။ ။အဗ်နာ
ဒရယ်ကို မြိုတဲ့ အိန္ဒိယ စပါးအုံ မြွေ
အိန္ဒိယ နိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်ရှိ Billa ရွာငယ်လေး မှာ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ အန္ဒိယ ကျောက်တောင်နေ စပါးအုံမြွေ အမျိုးအစား ဟာ ဒရယ်ငယ် တစ်ကောင်ကို မြိုလျက် ရှိပါတယ်။ ဒရယ် တစ်ကောင်လုံးကို မြိုနိုင်စွမ်း ရှိလောက်အောင် ကြီးမားတဲ့ ယင်း စပါးအုံ မြွေဟာ ကိုးပေ ဝန်းကျန်လောက် ရှိပါတယ်။
အကောင်ကို အရင်ဆုံး အရိုးချေ ပြီးမှ မြိုတာပါ။ မြိုလို့ တစ်ဝက်တစ်ပျက် ဝင်နေချိန်မှ ရွာသားတို့ တွေ့ခဲ့ပြီး ကယ်ဆယ် ခဲ့ရာ ဒယ်ရဲ့ အသက်တော့ မမှီတော့ ပါဘူး။ အရိုးကြေနေတဲ့ ဒရယ်သာ တွေ့ရ ပါတော့တယ်။
ရွာမှာ နေထိုင်တဲ့ ကလေးငယ်များကို ဝါးမြို စားသောက်မှာကို ကြောက်ရွံ့တာကြောင့် သတ်မယ်လို့ ရွာသားများ ဆုံးဖြတ်ပေမယ့် သတင်းထောက် များက တားမြစ်ခဲ့ ပါတယ်။ နောက်တော့ စပါးအုံမြွေကို ဖမ်းပြီး တောစပ်နားသို့ သွားရောက် ပို့ပေးခဲ့ ပါတယ်။ ယင်း စပါးအုံမြွေဟာ ယခင် တုန်းက နွားပေါက်စ တစ်ကောင်ကို ဝါးမြို စားသောက်ခဲ့ဖူးကြောင်း သိရ ပါတယ်။ .
REF;ရိုးရာလေး