၂၇ ဇူလိုင် ၂၀၁၄ - ၁၄:၁၃
MH17 လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများကို နောက်ဆုံးအကြိမ် သယ်ဆောင်

ယူကရိန်းအရှေ့ပိုင်းမှာ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူတွေထဲက နောက်ဆုံးကျန်တဲ့ အလောင်းတွေကို တင်ထားတဲ့ သြစတြေးလျ လေတပ်ပို့ဆောင်ရေးလေယာဉ်နှစ်စင်းဟာ ဇူလိုင်လ ၂၆ ရက်နေ့က ထွက်ခွာပါတယ်။ လေယာဉ်နှစ်စင်းပေါ်မှာ နောက်ဆုံးအသုတ် အလောင်း ၃၈ လောင်း တင်ဆောင်ထားတာ ဖြစ်ပါတယ်။ ယူကရိန်း အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ပစ်ချခံလိုက်ရတဲ့ မလေးရှားလေယာဉ်ပေါ်မှာ လူ ၂၉၈ ယောက် လိုက်ပါခဲ့ပြီး ၁၉၃ ယောက်ကတော့ နယ်သာလန် နိုင်ငံသားတွေ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။ ။အဗ်နာ

MH17 လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများကို နောက်ဆုံးအကြိမ် သယ်ဆောင်

 

ယူကရိန်းအရှေ့ပိုင်းမှာ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူတွေထဲက နောက်ဆုံးကျန်တဲ့ အလောင်းတွေကို တင်ထားတဲ့ သြစတြေးလျ လေတပ်ပို့ဆောင်ရေးလေယာဉ်နှစ်စင်းဟာ ဇူလိုင်လ ၂၆ ရက်နေ့က ထွက်ခွာပါတယ်။

လေယာဉ်နှစ်စင်းပေါ်မှာ နောက်ဆုံးအသုတ် အလောင်း ၃၈ လောင်း တင်ဆောင်ထားတာ ဖြစ်ပါတယ်။

ယူကရိန်း အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ပစ်ချခံလိုက်ရတဲ့ မလေးရှားလေယာဉ်ပေါ်မှာ လူ ၂၉၈ ယောက် လိုက်ပါခဲ့ပြီး ၁၉၃ ယောက်ကတော့ နယ်သာလန် နိုင်ငံသားတွေ ဖြစ်ပါတယ်။

ဒါကြောင့် အလောင်းရှာဖွေရေးနဲ့ စိစစ်ရေး လုပ်ငန်းတွေကို ဒတ်ခ်ျအစိုးရက ဦးဆောင် ဦးရွက်လုပ်နေပါတယ်။

နယ်သာလန်ကနေ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူ မြို့ဆီကို ဦးတည်ပျံသန်းခဲ့တဲ့ လေယာဉ်ပေါ်မှာ ကမ္ဘာ့လှည့်ခရီးသွားအများစု လိုက်ပါခဲ့ပြီး အနည်းဆုံး ၆ ယောက်ကတော့ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ AIDS ညီလာခံကို တက်ရောက်မယ့် ပညာရှင်တွေ ဖြစ်ပါတယ်။

REF; ဒီဗွီဘီ