၁၂ စက်တင်ဘာ ၂၀၁၄ - ၁၀:၂၀
ဒေါ်လာအစွန်းအထင်းတွေကို လက်ခံမည်

To match Insight MYANMAR-BANKS/အမေရိကန်ဒေါ်လာငွေ လက်ခံတာ၊ မြန်မာကျပ်ငွေနဲ့ လဲလှယ်ပေးတဲ့ဆီမှာ ငွေစက္ကူအစစ်အမှန် ဖြစ်တယ်ဆိုရင် လက်ခံဖို့ ပုဂ္ဂလိကဘဏ်တွေကို ညွှန်ကြားခဲ့ပြီး ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

=====================================
       
To match Insight MYANMAR-BANKS/အမေရိကန်ဒေါ်လာငွေ လက်ခံတာ၊ မြန်မာကျပ်ငွေနဲ့ လဲလှယ်ပေးတဲ့ဆီမှာ ငွေစက္ကူအစစ်အမှန် ဖြစ်တယ်ဆိုရင် လက်ခံဖို့ ပုဂ္ဂလိကဘဏ်တွေကို ညွှန်ကြားခဲ့ပြီး ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ညောင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကြိုင်က ဟောင်းနွမ်းပြီး မှင်နည်းနည်း စွန်းနေတဲ့ ဒေါ်လာငွေစက္ကူတွေကို ဘဏ်တွေက ဘာကြောင့် လက်မခံသလဲဆိုတဲ့ မေးခွန်းကို သူက ခုလို ဖြေသွားတာပါ။

ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ဟောင်းပေမယ့် အစစ်ဖြစ်နေတဲ့ ဒေါ်လာ၊ ငွေလဲဌာနတွေရဲ့ တံဆိပ်ပါတဲ့ ဒေါ်လာ၊ နည်းနည်းပါးပါး စွန်းထင်းပြီး အစက်အပျောက်ပါတဲ့ ဒေါ်လာ၊ ခေါက်ရိုးကျိုးပြီး နည်းနည်းပါးပါး ပွန်းနေတဲ့ဒေါ်လာနဲ့ ဒေါင့်စွန်းမှာ နည်းနည်းပါးပါး စုတ်နေပေမယ့် ဆွေးမြေ့ခြင်းမရှိတဲ့ ဒေါ်လာတွေကို နိုင်ငံပိုင်ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေမှာ လက်ခံ ဆောင်ရွက်ပေးနေတယ်လို့ ဖြေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒေါက်တာဆက်အောင်ရဲ့ ဖြေကြားချက်ဟာ မှန်ကန်မှုမရှိပဲ အဲလို ဒေါ်လာ ငွေစက္ကူတွေကို ဘယ်ဘဏ်ကမှ လက်မခံဘူးလို့ ကိုယ်တိုင် ငွေလဲလှယ်ဖူးသူ ပြည်သူတွေက ဒီဗွီဘီကို ပြောပြကြပါတယ်။