၂၀ စက်တင်ဘာ ၂၀၁၄ - ၂၀:၀၇
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ်း မကာရေမ်မိုရှီရာဇီ မိန့်ကြားသည့် အိမ်ထောင် စုဝင် များနိုးထရန် အတွက်

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ်း မကာရေမ်မိုရှီရာဇီ မိန့်ကြားသည့် အိမ်ထောင် စုဝင် များနိုးထရန် အတွက် ကို အောက်ပါအတိုင်းလေ့လာနိုင်ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

==================================

မိခင်နှင့်ဖခင်သည် မေ့လျော့ခြင်း သတိမမူကြခြင်းဆိုသည့် အိပ်စက် ခြင်းဖြင့် အိပ်စက်နေကြလေသည်။ လူငယ်လူရွယ်များသည်လည်းပဲ အဖြစ် အပျက်များနှင့် ရင်ဆိုင်ရမည်မှာ ဧကန်မလွဲပင်တည်း။ ၄င်းလူငယ်လူရွယ် များသည်လည်း ဂရုမပြုမှု၊ အလေးမထားမှု၊ ပေါ့လျော့မှု တို့တွင် နစ်မွန်း နေလေ သည်။

တနည်းအား ဖြင့်ဆိုရလျှင် အခက်အခဲ၊ အကြပ်အတည်း များကို ကျော်လွှား ရမည့်အစား မေ့ပစ်ခြင်းကိုပိုမို၍ အလေးပေး ကြလေသည်။ (သို့မဟုတ်) အခက်အခဲ၊ အကြပ်အတည်းများကို “သည်းခံခြင်းနှင့်မျှော်လင့် ချက်ထားခြင်း” တို့ဖြင့် ရင်ဆိုင်ကြလေသည်။

ဤအခြေအနေတွင် ထောင်ပေါင်းများစွာသော အပြစ်မဲ့လူငယ် လူရွယ်များသည် ဂရုမပြုမှု၊ မထီမျက်မြင်ပြုမှု၊ အလေးအနက် မထားမှု၊ နမော်နမဲ့နိုင်မှု၊ မေ့လျော့မှု၊ အသိဥာဏ်ပညာကင်းမဲ့မှု တို့၏ တိုက်ခိုက်မှုကို ခံရရှာလေသည်။ လူငယ်လူရွယ် တို့၏ အသိုင်းအ၀ိုင်း၊ ပတ်ဝန်းကျင်သည် လည်း ရိုင်းစိုင်းမှု အသွင်သို့ ဆောင်သွားလေ၏။

အမှန်တကယ် အံ့သြစရာပင်တည်း……….

တကမ္ဘာလုံး၌ တစ်နှစ်ပတ်လုံး ထောင်ပေါင်း များစွာသော အဖွဲ့အစည်း များမှ ပင်လယ်ရေပြင်အောက်ရှိ သိုက်နန်းများကို ရှာဖွေနိုင်ရန် သက်ရှိ သတ္တ၀ါမျိုးစုံ ၊ပင်လယ် သမုဒ္ဒရာများ ၊လေကြောင်းများ ၊ လေပြင်းမုန်တိုင်း  များ ဦးတည် ၍ တိုက်ခိုက်ရာ အရပ်ဒေသ၊ ညအချိန်နိုး ထရှင်သန် လှုပ်ရှားနေသည့် ပိုးမွှား ကောင်လေးများ၊ တောဆိတ်နှင့် တောင်ဆိတ် အမျိုးအစား မျိုးဆက်နွယ်များ၊ အဆောက်အဦး များ၏ အတွင်းပိုင်းတွင် ညအချိန်နွေးထွေးမှု ၄င်းကဲ့သို့သော အရာများကို စူးစမ်းလေ့လာရှာဖွေသည့် အစည်းအဝေးပွဲများ၊ ကွန်ဖရင့်စ်များ၊ ဆွေးနွေးပွဲ များကို ကျင်းပကြပါသည်။ (ဤအထက်ပါကိစ္စရပ်များအတွက်) တကမ္ဘာလုံးရှိ ပညာရှင်များ တစ်နေရာတည်း စုဝေးကြပြီး၊ အခြေအတင် တိုင်ပင်ဆွေးနွေးမှု များကို ပြုလုပ်ကြပါသည်။

သို့သော် ဆွေးနွေးတိုင်ပင်မှုလိုအပ်သည့် ခေါင်းစဉ်နှင့်ပတ်သက်ပြီး အလွန်တရာအနည်းငယ် ဆွေးနွေးမှုနှင့် သာမန်အဆင့်ဖြင့်သာ ဆွေးနွေးမှုကို ပြုကြ လေသည်။ လှုပ်ရှားမှု အများတကာ့ အများဆုံးနှင့် မနုဿ၊ ပုထုဇဉ်လူသား တို့၏ လူမှုအသိုင်းအ၀ိုင်း၊ ပတ်ဝန်းကျင်အတွက် အဖိုးအတန်တကာ့ အဖိုး တန်ဆုံးအရင်းအနှီးဖြစ်သည့် လူငယ်၊ လူရွယ်နှင့် ဆက်နွယ်နေသည့် ကိစ္စရပ် များ ပြဿနာများ ကို ဆွေးနွေးတိုင်ပင်မှု မပြုကြချေ။

ဤပြဿနာအား ဖြေရှင်းနိုင်သည့်နည်းလမ်းသည်အဘယ်နည်း!?

   ကျွန်ုပ်တို့၏ ယနေ့လောကသည် အကဲလ် တည်းဟူသော အသိ ဥာဏ်၊ ဆင်ခြင်တုံတရားနှင့် မန်သစ်(က)ခေါ် လော်ဂျစ်ဖြင့် အလုပ်မလုပ် ကြချေ။ အဖြစ်မှန် အမှန်တရားများကို စာရင်းမသွင်းကြပေ။ အလေးမထား ကြချေ။

ယေဘုယျအားဖြင့် အဖြစ်အပျက်များ၏ လမ်းစဉ်၊ ပြဿနာကိစ္စရပ် များကို၊ ပုဂ္ဂိုလ်ရေး၊ နေရာဒေသအရေး၊ စိတ်အလိုအလျောက်၊ နှလုံးသားပျော့ အောင်၊ အပေါ်ယံ အပြင်ပိုင်း အဆင့်တစ်ခု၊ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းခံ များအဖြစ် သတ်မှတ်ကြလေသည်။ သို့မဟုတ်ပါက ဤမျှအရေး ကြီးသည့် ဆွေးနွေးမှု ကိစ္စရပ်ကို ဥပေက္ခာ မပြုကြချေ။ ပညာတတ် ပုဂ္ဂိုလ်များ၏ ဂရုမပြုမှု၊ မိဘများ၊ လူငယ်လူရွယ်များ ကိုယ်တိုင် မိမိတို့ တာဝန်ကို မကျေပွန်မှု ဖြစ်လာမည် မဟုတ်ချေ။

၎င်းတို့အားလုံးအနေဖြင့် ဤသမိုင်းပေးတာဝန်ကို မမေ့လျော့ကြဖို့ လိုအပ်ပါသည်။ (ဖွာရစီ ဘာသာ စကားပုံ ရှိလေသည်။) အကယ်၍ ကလေး အပေါ် မာမူ (အမေ၏ မောင် (သို့) အစ်ကို) မှ မသနား မကြင်နာလျှင် အမေကလည်း မသနား မကြင်နာဟု အဓိပ္ပါယ် ကောက် မရချေဟု ဖြစ်လေ သည်။
                          
              ယနေ့ လူငယ်လူရွယ်များ အတွက် အခက်အခဲ အကြပ်အတည်း အမြောက်အများမှာ လိင်ကိစ္စ၊ တဏှာ၊ ရာဂ ဆိုင်ရာ ကိစ္စများ ဖြစ်ပေသည်။ မည်သည့်ကိစ္စမျှ ဤ ကာမ၊ရာဂ၊ လိင် (ကိစ္စ)လောက် အဓိက အခက်အခဲ နှင့် အရေးကြီးမှုကိုမဖြစ်စေပေ ။

               အလွန်တရာ ၀မ်းနည်းစွာဖြင့် မလွှဲမသွေ ၀န်ခံရမည်ဆိုလျှင် -
             
      ဤပြဿနာအခက်အခဲသည် တိုးတက်လာသည့် (အိမ်စီး၊အဌား) ကားကဲ့ သို့ လျင်မြန်လာ သည့်ဘ၀၊ ပညာသင်မှု ကာလနှင့် အထူးတန်းများ (ဘွဲ့လွန်စသည်ဖြင့်)တက်ရသည့်ကာလများ၊မိသားစုဝင်များ၏ တိုးတက်ရေး၊ လူပျို အပျို ကောင်လေး၊ ကောင်မလေးတို့၏ ခြေလှမ်းများ လွှဲချော်မှုများ ကြောင့်ဤ(လိင်ကိစ္စ၊ တဏှာရာဂ ဆိုင်ရာ) ပြဿနာသည် ပို၍ရှုပ်ထွေးပွေလီ ပြီးခက်ခဲသွားချေသည်။

    ကျွန်တော်အနေဖြင့် ဤကျမ်းငယ်၌ အထင်အရှား၊ ကွက်ကွက်ကွင်း ထိုအခက်အခဲ၊ ပြဿနာများကို တင်ပြထားပါသည်။ ဖြေရှင်းနိုင်မည့် နည်းလမ်းကိုလည်းညွှန်ပြထားပါသည်။အမှန်တော့ အချို့ပုဂ္ဂိုလ်များအနေဖြင့် ဤကဲ့သို့သော ပြဿနာများ၊ ကိစ္စများကိုဆွေးနွေးဖို့ မလုပ်သင့်ဟုမြင်ကြ လေသည်။

    ဖြေရှင်းဖို့ အဆင်ပြေဖို့ လမ်းမရှိ ဟုဆိုလေသည်။ သို့သော် ကျွန်တော်အနေဖြင့် ဤကဲ့သို့လုံးဝမဟုတ်ကြောင်း သက်သေထူထားပါသည်။ အကယ်၍ လူငယ်လူရွယ်များ မိဘများ ဤပြဿနာကို ဖြေရှင်းကိုင်တွယ်ဖို့ ကျားကုတ် ကျားခဲ ပြုလုပ်မည်ဆိုလျှင် ဖြေရှင်းဖို့ နည်းလမ်းများမဝေးချေ။

    ကျွန်တော်အနေဖြင့် ဤကျမ်းငယ်တွင်ဆက်လက်ပြီး (လိင်ကိစ္စဆိုင် ရာဖောက်ပြန်မှုများ) ကို ကုသနည်းနှင့် အတားအဆီးများကို တိုက်ရိုက် လက်တွေ့ဆန်ဆန်၊ လက်တွေ့ကျကျတင်ပြထားပါသည်။

    ဤကျမ်းငယ်ကို လေ့လာမှတ်သားခြင်းဖြင့် အသေအချာလူငယ် လူရွယ်များအားလုံးသည် အသိတရား အမြောက်အများကို ဤပြဿနာမှ လွတ်မြောက်မှုအတွက် ရရှိလိမ့်မည်ဖြစ်ပါသည်။

    ဤဆွေးနွေးမှုသည် “နစ်လ်လေဂျဝါန်” ဆိုသည့်မဂ္ဂဇင်းတွင် ပုံနှိပ် ထုတ်ဝေပြီးဖြစ်ပါသည်။

    သို့သော်အချို့ပုဂ္ဂိုလ်များ မေတ္တာရပ်ခံချက်များ အကြိမ်ကြိမ် တောင်းခံမှုနှင့် စာအမြောက်အများ ပုံနှိပ်တိုက်ရုံးသို့ ရောက်ရှိလာသည်ကို ရှေ့ရှု၍အသစ်တစ်ဖန် ပြန်ကြည့်ခြင်းနှင့် ပြည့်စုံအောင်ပြုခြင်းတို့ကို ပြုလုပ်ပြီး စာအုပ်ကျမ်းငယ်အဖြစ် တင်ပြလိုက်ပါသည်။ ကြည့်ရှု (မှတ်သား) စေလို ပါသည် ခင်ဗျား …..

    (စာဖတ်ပရိတ်သတ်) အားလုံးလက်တွင်းသို့ ရောက်ရှိ အောင်စီစဉ် လိုက်ပါသည်။
    ကြီးကျယ် မြင့်မြတ်တော်မူသော အလ္လာဟ်ဟိုအရှင်မြတ် ထံဆုမြတ် တောင်းခံပါသည်။

    လူငယ်လူရွယ်အားလုံးအနေဖြင့်ဤကျမ်းငယ်ပါ ပညတ်တော်များနှင့် အခြေခံ များမှ အကျိုးအမြတ်ရယူနိုင်ပြီး ဘ၀၏ အရေးကြီးဆုံး ကဏ္ဍကို  သတိကြီးစွာ ထား၍ လိုအပ်သည့် ပြဿနာကိစ္စကို ဖြေရှင်းနိုင်ဖို့ စွမ်းအား ချီးမြှင့် ပေးသနား ခြင်းခံရပါစေလို့ ဆန္ဒပြုလိုက်ပါသည်။