အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စု အစ္စလာမ်မစ် အီရန် ၏ သာသနာ့ မြို့ တော် ကွမ်း မြို့ ရှိ မစ်ဂျစ်ဒ် ဒေ အာဇန်မ် တွင် ကျင်းပ သည့် မိမိ ၏ (ဒရ်စေခါရေဂ်ျ - မိုဂ်ျသဟစ် အဆင့်ရှိသူများတက်ရောက်ရသည့် အတန်း ) တွင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် ရှီးရာဇီ မှ ပြီးခဲ့သည့်ရက်များ တွင် ဖြစ်ပွားခဲ့သည့် ဆော်ဒီ အာရေဗျ နိုင်ငံ ၏ ဂျစ်ဒါဟ် လေဆိပ်တွင် ဖြစ်ပွားခဲ့ သည့် လူမဆန်သည့်ရှက်စရာ ကိစ္စပတ်သက်ပြီး မိမိ၏ သုံးသပ်ချက် အမြင်ကို ရှင်းလင်းတင်ပြ မိန့်ကြားခဲ့ပါတယ်။
ဒီလို ကြောက်စရာကောင်းပြီး အန္တရာယ် ရှိသည့် လုပ်ရပ် (ဆော်ဒီရဲမှ အီရန်လူငယ်၂ဦး အား လေဆိပ်တွင် စစ်ဆေးစရာရှိသည့်ဟု အကြောင်းပြချက်ဖြင့် အခန်း အတွင်းခေါ် ယူပြီး ယောက်ကျား ခြင်းမုဒိမ်းကျင့်ခြင်း ကိစ္စ ) နှင့်ပတ်သက်ပြီး တင်ပြတဲ့ ကျနော် သုံးသပ်ချက် ကို အချို့ က အိုမရေ ပြုလုပ်ခြင်း ဟာ ဟရာမ် ဖြစ်တယ်ဆို ပြီး ရလာဒ် ထုတ်နေကြ ပါတယ်။ အမှန်တကယ် တော့ ကျနော် အနေဖြင့် ရှင်းလင်းတင်ပြတာဘဲ ရှိပါသေးတယ် ၊ လတ်တလေလက်ရှိ အနေအထား အထိ ဟရာမ် ဖြစ်တယ်လို့ အမိန့် ကြေငြာချက်မထုတ်ရသေးပါဘူး ။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် ရှီးရာဇီ မှ သတိပြုစရာ အဖြစ် ပြောကြားခဲ့ပါတယ်။ ကျနော်တို့ လောလောဆယ် ဆော်ဒီ အစိုး ဒီလို ကြောက်စရာကောင်းပြီး အန္တရာယ် ရှိသည့် လုပ်ရပ် နဲ့ ပတ်သက်ပြီး တာဝန် ယူ ဖြေရှင်းပေး၊ မပေးဆိုတာ ကို စောင့် ကြည့်နေပါတယ်။ အကယ်၍ ဆော်ဒီ အစိုးရ အနေဖြင့် မိမိ တာဝန် ကို ကျေပွန် စွာ ထမ်းဆောင်တယ်ဆို ရင် အိုမရေ အစီအစဉ် ဆက်လက် ရှိနေမှာ ဖြစ်ပါတယ် ။ အကယ်၍ တာဝန် မကျေဘူး ဆိုရင် အိုမရေ ကို ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ် ။
ဆက်လက်ပြီး အိုမရေ အတွက် ကြိုးပမ်းပြီးတဲ့ မိုမေနီ မိုမေနသ်များ အနေဖြင့် မိမိအစီအစဉ် အတိုင်း ဆက်လက်ဆောင်ရွက်ကြဖို့ နှင့် ဟရာမ် ဖြစ်ကြောင်း အမိန့် မထုတ်ပြန်သေးကြောင်း တိုက်တွန်း ပြောကြားခဲ့ ပါတယ် ။
ဆော်ဒီ အစိုး ဖက်မှ ဒီကိစ္စ အတွက် ဘာတွေ ဆောက်ရွက်လည်း ဆိုတာ ကြည့်ရမည် သာ ဖြစ် ပါ သည်။ ဆောဒီ အစိုးရ ဖက်မှာလည်း အမြန်ဆုံး မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးမည်လို့ ပြောကြားထား ပါတယ်။ အကယ်၍ ပြောတဲ့အတိုင်း မဆောင်ရွက်ခဲ့ပါက အိုမရေ သွားခြင်းကို ရပ်ဆိုင်းထားမည်ဖြစ် ပါတယ်။
မှတ်သားစရာ အချက်ရှိပါတယ် ။ပြီးခဲ့တဲ့ ရက်များ အတွင်း ဂျစ်ဒါဟ် လေဆိပ်တွင် အီရန် ဇေယာရသ် ပြုသူများ ပတ်စပို့တ် အစစ် အဆေး ခံနေစဉ် ဆော်ဒီရဲမှ အီရန်လူငယ်၂ဦး အား စစ်ဆေးစရာရှိသည့်ဟု အကြောင်း ပြချက်ဖြင့် အခန်း အတွင်းခေါ် ယူပြီး လူမဆန်တဲ့လုပ်ရပ် ဖြစ်တဲ့ ယောက်ကျား ခြင်း မုဒိမ်းကျင့်မှု ကို ကျူးလွန် ခဲ့ကြပါတယ်။
ဒီကိစ္စ ဆော်ဒီအာဏာပိုင်းများကို အသိပေးပြီး ဖြစ်ပြီး တရားခံ ရဲ၂ ဦးမှ လည်း မိမိတို့ ၏ ရာဇဝတ်မှု ကို ဝန်ခံ ခဲ့ကြပြီး ဖြစ်ပါတယ်။