၂၇ ဇူလိုင် ၂၀၁၆ - ၁၉:၂၄
ကသာတွင် ရေဘေးကယ်ဆယ်ရေးသွားသည့် စက်လှေတစ်စီး တိမ်းမှောက်

ကသာမြို့တွင် ရေဘေးကယ်ဆယ်ရေးသွားသည့် စက်လှေတစ်စီး တိမ်းမှောက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှု မဖြစ်ခဲ့ကြောင်း ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ သတင်းရရှိသည်။ ကသာမြို့မှ ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သော Onlineချစ်သူများအဖွဲ့က ဧရာဝတီမြစ်ရေမြင့်တက်၍ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရသော ကျေးရွာများသို့ စက်လှေဖြင့်သွားရောက်ကာ ရေသန့်ဗူးများ ပို့ဆောင်စဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးဝင်းအောင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကသာမြို့တွင် ရေဘေးကယ်ဆယ်ရေးသွားသည့် စက်လှေတစ်စီး တိမ်းမှောက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှု မဖြစ်ခဲ့ကြောင်း ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ သတင်းရရှိသည်။

ကသာမြို့မှ ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သော Onlineချစ်သူများအဖွဲ့က ဧရာဝတီမြစ်ရေမြင့်တက်၍ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရသော ကျေးရွာများသို့

စက်လှေဖြင့်သွားရောက်ကာ ရေသန့်ဗူးများ ပို့ဆောင်စဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးဝင်းအောင်က ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့သည် စက်လှေအကြီးဖြင့် သွားရောက်ခြင်းဖြစ်ပြီး ယင်းစက်လှေအကြီးဝင်ရောက်၍မရသော ရေဘေးသင့်ရွာများကို စက်လှေအသေးဖြင့်ဆက်လက်ပို့ဆောင်စဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ စက်လှေပေါ်တွင် တင်ဆောင်သွားသည့် ရေသန့်ဘူးများ အလေးချိန်ကို မခံနိုင်ဘဲ တိမ်းမှောက်သွားခြင်းဖြစ်ပြီး ရေတိမ်ပိုင်းတွင် တိမ်းမှောက်ခဲ့ ၍ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဟု ကသာမြို့ခံကိုအေးလွင်က ပြောသည်။

ကသာမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၁ပေကျော် မြင့်တက်နေပြီး ကျေးရွာ ၁၀ရွာခန့် ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရကြောင်း ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ သတင်းရရှိသည်။

ဧရာဝတီမြစ်ရေ မြင့်တက်နေမှုကြောင့် ဗန်းမော်၊ ကသာ၊ မော်လိုက်၊ ရွှေကူနှင့် ညောင်ဦးမြို့တို့တွင် မြစ်ကမ်းအနီးနေထိုင်သူများ ရေကြီးနစ်မြုပ်နေပြီး သောက်သုံးရေအခက်အခဲ ရင်ဆိုင်နေရကြောင်း ဒေသတွင်း ပရဟိတအဖွဲ့များထံမှ သတင်းရရှိသည်။
===================    
251 / End