၁၁ ဩဂုတ် ၂၀၁၆ - ၁၃:၃၀
တောင်ကုတ်တွင် အရက်ရောင်းချမှုအလိုမရှိကြောင်း ဒေသခံသုံးထောင်ကျော်ဆန္ဒပြ

တောင်ကုတ်အပါ အဝင် ရခိုင်တစ်ပြည်နယ်လုံးတွင် အရက်သေစာ ရောင်းချခြင်းနှင့် မူးယစ်သောက်စားခြင်း လုံးဝ ပပျောက်ရေးအတွက် တောင် ကုတ်မြို့ခံ ၃,၀၀၀ ကျော် ဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်သည်။ သြဂုတ် ၁၀ ရက်က တောင်ကုတ်မြို့ တစ်ပတ် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်ပွဲကို ဦးဆောင်သူ ဦးသိန်းလွင်က ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 တောင်ကုတ်အပါ အဝင် ရခိုင်တစ်ပြည်နယ်လုံးတွင် အရက်သေစာ ရောင်းချခြင်းနှင့် မူးယစ်သောက်စားခြင်း လုံးဝ ပပျောက်ရေးအတွက် တောင် ကုတ်မြို့ခံ ၃,၀၀၀ ကျော် ဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်သည်။

သြဂုတ် ၁၀ ရက်က တောင်ကုတ်မြို့ တစ်ပတ် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်ပွဲကို ဦးဆောင်သူ ဦးသိန်းလွင်က ပြော သည်။

‘‘အရက်ကြောင့် ကျွန်တော် တို့ တောင်ကုတ်မြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းက လူတွေ ဟာ လူညွန့်တုံးပြီး ပြစ်မှုတွေ များ လာတဲ့အတွက် အရက်လုံးဝ မရောင်းဖို့ လူထုဆန္ဒဖော်ထုတ် ရခြင်းဖြစ်ပါတယ်’’ဟု ဦးသိန်း လွင်က ဆိုသည်။

အရက်သေစာ ရောင်းချ ခြင်းနှင့် မူးယစ်သောက်စားခြင်း လုံးဝပပျောက်ရေးအတွက် ဒေသ ခံများက ဆန္ဒဖော်ထုတ် တောင်း ဆိုနေသော်လည်း အရက်ရောင်း ချသူများနှင့် သက်ဆိုင်ရာအာ ဏာပိုင်များ၏ ပူးပေါင်းဆောင် ရွက်မှုမှာ အရေးကြီးကြောင်း ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ‘‘အရက်ရောင်းချခြင်းအလိုမရှိ၊ အရက်ပပျောက်ရေး ဒို့အရေး၊ အရက်ရောင်းချခြင်း ပိတ်ပင် ပေးပါ’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ ကြောင်း သတင်းရရှိသည်။

လူထုဆန္ဒဖော်ထုတ်ပွဲ ပြု လုပ်ရန် ခွင့်ပြုချက်ကို သြဂုတ် ၃ ရက်တွင် တင်ခဲ့ပြီး သြဂုတ် ၇ ရက်က ခွင့်ပြုချက်ရရှိကြောင်း ဦးသိန်းလွင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက် ကလည်း ရခိုင်ပြည်နယ် ပေါက် တောမြို့နယ် သဝင်ချောင်းကျေး ရွာတွင် အရက်ရောင်းချခွင့် တားမြစ်ပေးရန် ဒေသခံ ၂၀၀ ခန့် က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးထံ စာရေး တောင်းဆိုခဲ့ကြောင်း သတင်း ရရှိသည်။

===================
251 / End