၂၅ ဩဂုတ် ၂၀၁၆ - ၁၇:၅၄
ကာဘူးလ်မြို့ရှိ အမေရိကန် တက္ကသိုလ် အား တိုက်ခိုက်မှု ဖြစ်ပွား ၁၂ သေဆုံး ၊ ၄၄ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန် နိုင်ငံ ၏ မြို့တော် ကာဘူးလ်မြို့ အချက်အချာနေရာ ရှိ အမေရိကန် တက္ကသိုလ် အား တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ဤတိုက်ခိုက်မှုကြောင့် ၁၂ သေဆုံး ခဲ့ပြီး ၄၄ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်သူ ၂ဦးလည်း သေဆုံးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဟဲရ်သတင်းဌာန ၏ သတင်း အထောက်အထား အရ အာဖဂန်နစ္စတန် နိုင်ငံ ၏ မြို့တော် ကာဘူးလ်မြို့ အချက်အချာနေရာ ရှိ အမေရိကန် တက္ကသိုလ် အား တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ဤတိုက်ခိုက်မှုကြောင့် ၁၂ သေဆုံး ခဲ့ပြီး ၄၄ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်သူ ၂ဦးလည်း သေဆုံးခဲ့ပါတယ်။

သတင်းအထောက်အထား အရ တိုက်ခိုက်မှု မှ ပြီးခဲ့သည့် နေ့ညနေခင်းပိုင်းအချိန်တွင် ပေါက်ခွဲမှုများ သေနတ်နှင့်ပစ်ခတ်မှုများ ဖြင့် စတင်ခဲ့ကြောင်း သိရပါတယ်။ လုံခြုံရေး တပ်သားများမှ ၁၀နာရီ ကြာခန့် လက်နက်ကိုင် တိုက်ခိုက်သူများ ကို ခုခံ တိုက်ခိုက်ခဲ့ရပါတယ်။

သေဆုံးသူများတွင် တက္ကသိုလ်ကျောင်းသား ၇ဦး ၊ အစောင့် ၂ဦး ၊ ရဲ၃ ဦး ဖြစ်ပါတယ်။ ၄၄ဦးလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ ၎င်း ၄၄ဦးအနက် ၃၅ ဦးမှာ တက္ကသိုလ်ကျောင်းသားများ ဖြစ်ပါတယ်။

လုံခြုံရေး တပ်သားများမှ ၁၀နာရီ ကြာခန့် လက်နက်ကိုင် တိုက်ခိုက်သူများ ကို ခုခံ တိုက်ခိုက်ခဲ့ရပြီး လက်နက်ကိုင် တိုက်ခိုက်သူ ၂ဦး ကို ပစ်သတ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

လက်နက်ကိုင် တိုက်ခိုက်သူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း ၊မည်သည့်အဖွဲ့ နျင့်နွယ်နေကြောင်း အတိအကျ သတင်းမရရှိသေးပါ။