အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လှိုင်သာယာ မြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် အပ်ချည်နှင့် ပလတ်စတစ်စက်ရုံတွင် စက်တင်ဘာ ၁၂ ရက် ညနေ ၅ နာရီခွဲခန့်က ဘွိုင်လာမီးပွားလွင့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ Samaru အပ်ချည်နှင့် ပလတ်စတစ်စက်ရုံ ရှိ အဝတ်စများပေါ်သို့ ဘွိုင်လာမှ မီးပွားလွင့်ကျရာမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုအ ဆင့်(၂)သတ်မှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးက ဆို သည်။
အဆိုပါစက်ရုံမီးလောင် ကျွမ်းမှုမှာ မိနစ် ၂၀ ကျော်ကြာ မြင့်ခဲ့ပြီး ညနေ ၅ နာရီ ၃၈ မိနစ် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
မီးလောင်မှုကြောင့် လူထိ ခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော် လည်း ကျပ် ခုနစ်သိန်းဖိုးခန့် မီး လောင်ဆုံးရှုံးသွားခဲ့ကြောင်းနှင့် စက်ရုံမှ တာဝန်ရှိသူတစ်ဦးအား မီးပေါ့ဆမှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
===================
251 / End
၁၂ စက်တင်ဘာ ၂၀၁၆ - ၁၉:၂၉
News ID: 778657
လှိုင်သာယာ မြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် အပ်ချည်နှင့် ပလတ်စတစ်စက်ရုံတွင် စက်တင်ဘာ ၁၂ ရက် ညနေ ၅ နာရီခွဲခန့်က ဘွိုင်လာမီးပွားလွင့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ Samaru အပ်ချည်နှင့် ပလတ်စတစ်စက်ရုံ ရှိ အဝတ်စများပေါ်သို့ ဘွိုင်လာမှ မီးပွားလွင့်ကျရာမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုအ ဆင့်(၂)သတ်မှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးက ဆို သည်။