၂၈ စက်တင်ဘာ ၂၀၁၆ - ၁၉:၅၅
အင်းလေးဒေသခံ တောင်သူများအတွက် စိုက်ပျိုးနည်းပညာ အခမဲ့သင်တန်းကျောင်းဖွင့်

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်ရှိ တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးနိုင်ရန် စိုက်ပျိုးရေး သင်တန်းကျောင်းကို စက်တင်ဘာ ၂၄ ရက်တွင် အင်းလေးကန် တောင်ပိုင်း အင်းပေါခုံ ကျေးရွာ၌ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်ရှိ တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးနိုင်ရန် စိုက်ပျိုးရေး သင်တန်းကျောင်းကို စက်တင်ဘာ ၂၄ ရက်တွင် အင်းလေးကန် တောင်ပိုင်း အင်းပေါခုံ ကျေးရွာ၌ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းသင်တန်းကျောင်းကို စိမ်းလှနန္ဒာ ဒေသဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ဖွင့်လှစ်ပြီး တောင်သူများ ဓာတုဆေးနှင့်မြေသြဇာလျှော့သုံး၍ စိုက်ပျိုးရေး နည်းစနစ်များ ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန်၊ စိုက်ပျိုးရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်တတ် စေရန်နှင့် အင်းလေးကန် ထိန်း သိမ်းရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ အောင်မြင်ရေး၊ရေရှည်တည်တံ့ရေးကို အထောက်အကူပြုစေနိုင်ရန် ယင်းသင်တန်းကျောင်း ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု စိမ်းလှနန္ဒာအသင်း နာယက ဦးသာဒိုးက ပြောသည်။

‘‘အင်းလေးကန် ထိန်းသိမ်း ရေးကို အထောက်အကူဖြစ်စေ မယ့်၊ အဓိကစိုက်ပျိုးရေးစနစ် လွဲ မှားနေတာတွေကို စိုက်ပျိုးနည်း စနစ်မှန်မှန်ကန်ကန်နဲ့ အင်းလေး ကန်ကို ရေရှည်တည်တံ့ခိုင်မြဲသွား အောင်လို့ ဖွင့်လှစ်ရခြင်း
ဖြစ်တယ်’’ ဟု ဦးသာဒိုးက ပြောကြားသည်။

သင်တန်းကျောင်းတွင် အင်းလေးကန်အတွင်း လုပ်ကိုင်စားသောက်နေသည့် တောင်သူများအား လက်တွေ့ခေါ်ယူ သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းကာလ အ ကန့်အသတ်မရှိကြောင်း ဦးသာဒိုးက ပြောကြားသည်။

တောင်သူများ အလုပ်အ ကိုင်မပျက်သင်တန်းတက်ရောက် နိုင်ပြီး စိုက်ကွင်းများတွင် တစ် ပတ်လျှင်နှစ်ကြိမ် လက်တွေ့စိုက် ပျိုးနည်းစနစ်များ ဦးစားပေးသင် ကြားပေးမည်ဟု စိမ်းလှနန္ဒာ အ သင်းမှ သိရသည်။

အဆိုပါ သင်တန်းကို နိုဝင် ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းသား ၃၀ ကျော် လက်ခံသင်ကြားပေးမည်  ဖြစ် သည်။

==================
251/End